ကျွန်​​တော်​ချစ်​​သော ယုန်​​လေးသို့

ယုန်​​လေး​ရေး....
ပေါ်မလာ​တော့​မျှော်​မိတယ်​...ငါသတိရတယ်​ လွမ်းတယ်​ ချစ်​တယ်​ ဆိုတာထက်​ .....
မင်းအဆင်​​ပြေရဲ့လား ​နေ​ကောင်းရဲ့လား ကိုကိုကြီး မမ ​မေ​မေနဲ့ အဆင်​​ပြေရဲ့လာ....ပိုပြီးသိချင်​တာပါ။
နောက်​ပြီး စိတ်​လက်​​ပေါ့ပါး ​ပျော်​ရွှင်​ပါသလား ​ပျော်​​အောင်​​နေပါလို့လည်း ထပ်​​ဆောင်း​ပြောချင်​တယ်​ဗျာ။
အရမ်းလွမ်း​နေတယ်​ ယုန်​​လေး​ရေ လို့ ကိုကို ​ပြောချင်​​သေးတယ်​ ယုန်​​လေးမျက်​နှာ​လေးကိုကြည့်​ရင်း​ပေါ့ကွယ်​။
ယုန်​​လေးသိလား ကိုကို ဘဝမှာ တကယ့်​ဘုရားစူး​စေ့
အချစ်​ဆိုတာ အခုမှသိလိုက်​ရတယ်​တယ်​။
ယုန်​​လေးဟာ ကိုကိုအတွက်​ မရှိမဖြစ်​ အလိုအပ်​ဆုံး​သော
သူပါပဲ။ဒါမယ့်​ကွယ်​ ကိုကိုတို့ ​တော်​ရာမှာ လွမ်း​နေကြရတာလည်း ဘယ်​တက်​နိုင်​မလဲ​နော်​။ တစ်​ခု​တော့
စိတ်​ထဲမှာအမြဲဖြစ်​တည်​​နေတယ်​ ။ဒါဟာ ဘာလဲဆိုရင်
ကိုကို ယုန်​​လေးနဲ့ ​တွေ့ရမယ့်​​နေ့​လေး ရှိ​နေတယ်​​ပေါ့​နော်​။တိကျတဲ့ ရက်​ ပြက္ခဒိန်​ ထဲမှာ မရှိ​ပေမယ့်​ ယုံကြည်​စွာ တမ်းတစွာ ​မျှော်​လင့်​​နေမိတယ်​။ဘဝမှာအဖြစ်​ခင်​ဆုံးက
ယုန်​​လေးနဲ့ ဆုံခွင့်​ရ​ရေး​ပေါ့ တ၀်​​ခေါက်​တစ်​ခါ​တော့ ​တွေ့ရလိမ့်​မယ်​​ပေါ့။နောက်ပြီး ယုန်​​လေးကို ရင်​ခွင်​ထဲ​ထွေး​ပွေ့ထားချင်​မိတယ်​။ယုန်​​လေးကို ​ပျော်​ရွှင်​​အောင်
ဖြည့်​စည်း​ပေးချင်​တယ်​။တက်​စွမ်းသမျှနဲ့ ​ပေးဆပ်​ချင်​တယ်​။ဒါမယ့်​ မိုင်​​တွေကခြားထား ဖုန်​ဆက်​ပြီး​တောင်
နေ​ကောင်းလား အဆင်​​ပြေလား အား​ပေးစကား​တောင်​​ပြောခွင့်​မရ​အောင်​ ကံကြမ္မာ က ဆီကားထား​ပေါ့။
ယုန်​​လေး​ရေ အအိပ်​အစား မှန်​ပါ​စေ ​ဆေး​သောက်​မှန်​ပါ​စေ အပူအပင်​​တွေမ​တွေးနဲ့ စိတ်​ပျို​အောင်​ ​မွေးထားပါ။
ယုန်​​လေး​ရေ ကိုကိုအမြဲတမ်း အမြဲတမ်း မ​ပြောင်​လဲတဲ့ အချစ်​နဲ့ ​မေတ္တာနဲ့ သစ္စာနဲ့ သမုဒ္ဒယနဲ တွယ်​​နှောင်​ ကိုကို
အသက်​ရှိသ၍ ရှင်​သန်​​နေသမျှကာလတစ်​​လျှောက်​လုံး
စောင့်​ထိန်းပါမယ့်​​နော်​။ယုန်​​လေး​ရေ တစ်​ခါတ​လေကြ​တော့ ထိန်းထားတဲ့ကြားက​နေ ငိုမိ​သေးတယ်​။ရှက်​လိုက်​တာ ​ယောင်္ကျားတစ်​​ယောက်​ဖြစ်​ပြီး ချစ်​သူကို သတိရလို့ငိုသတဲ့။
ယုန်​​လေး​ရေ ကိုကိုလို မငိုနဲ့​နော်​ စိတ်​ကြံ့ခိုင်​မှ လိုရာကိုလှမ်းနိုင်​မှာမို့ အားတင်​ထားပါ။ ပညာတက်​ကြီးဖြစ်​​အောင်​ကြိုးစားပါ ။ဘဝကို တိုက်​ပွဲဝင်​တိုင်း ဇွဲနဲ့အနိုင်​ယူပါ​နော်​။
ယုန်​​လေး​ရေ ကိုကိုအိပ်​​တော့မယ်​​နော်​ goodnight
သာယာချမ်း​မြေ့စွာ အိပ်​စက်​နိုင်​ပါ​စေ။
ယုန်​​လေးကို အသက်​တမျှချစ်​တဲ့ ကိုကို


Posted via Blogaway

Comments