အလှစစ်ရဲ့ ငြိမ်းအေးမှု့ ဆိုတာ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အမှန်တရားကို ဆိုတာကြီးကို
အဓိပ္ပါယ် အရ ခွဲခြမ်းစိတ်ဖြာကြည့်လို့မရဘူးလား
သူနိုင် ကိုယ်နိုင်ကျဲကြတယ်မို့လား..
နှစ်ယောက်နိုင်ဖို့ ပြိုင်ဘက်အချင်းချင်း
ဆွေးနွေးကြပေါ့..။
ကူးလူးဆက်ဆံမှု့များ...
စိတ်ယဉ်ကျေးဖို့ နိတိတွေ များများလေ့လာ
ငါအကောင်းဆုံးစံစားချင်သလို
မင်းလည်းငါ့လိုဘဲလို့ ...တွေးကြည်ဖူးလား
အောက်တန်းကျတာလွယ်ပါတယ်
မြင့်မြတ်ဖို့ အတွက် နုညံ့တဲ့အတွင်းသားဟာ
ဗုဒ္ဓဘာသာ လူမျိုးတွေ မေ့လျော့နေလေရဲ့
ဆုတောင်းဖို့ ဘုရားရှိခိုးကြတာလား
လောကကြီးပျက်စီးတာဟာ
လောကထဲကလူတွေကြောင့်ပဲ
ဆုတ်ကပ်ခေတ်လို့ မပြောနဲ့ဗျာ
ခင်ဗျားလည်း ဘုန်းကြီးကျောင်းမှာ အတင်းတုပ်ဖူးတယ်
ခင်ဗျာက ၀င်လေထွက်လေအကြောင်းရှင်းပြတယ်
ကျုပ်က သက်ပြင်တွေအကြောင်းပြောချင်တယ်
ဆန့်ကျင်တဲ့ တူညီမှု့လို့ တွေးမိလိုက်လား
နေရာအနှံ့ပေါက်နေတာ
ကျောက်ကျစ်တဲ့ အပင်တွေပဲ
ဖြောင့်စင်မှု့ဟာ အသုံးမ၀င်တော့တာလား
ကျွန်တော် ဖြောင့်ဖြောင့်မတ်မတ် ပေါက်မယ်
အလှတရားဟာ...
အနီးလေးမှာပါပဲဗျ
ခင်ဗျားမြင်လား.....
တစ်ဦးချင်းလှဗျာ တစ်မိသားစုချင်းလှဗျာ
တစ်ရပ်ကွပ်ချင်းလှဗျာ....ဆင့်ကဲပြီး
နိုင်ငံတော်အဆင့်ထိ လှ ပြီးမှ ကမ္ဘာတန်းဝင်အောင်လှ
အေးချမ်းမှု့တွေ လက်ဆင့်ကမ်းလိုက်ကြမယ်
ပဋိပက္ခ တွေ အမှန်အကန် ဆွေးနွေပြီး
အပြန်အလှန် အလျော့ပေးလိုက်ကြရင်....
သံယံဇာတ တမ်မက်မှု့တွေကြောင့်
ကမ္ဘာကြီးဖျားနေပြီ....
ကိုယ့်အိမ်ကို သင့် ဖျက်ဆီးမလား
ကမ္ဘာမြေဟာ ငါ့တို့မြေပဲ...
အားလုံးထိန်သိန်း စောင့်ရှောက်ကြ
လိုအင်ရှိသမျှ ထုတ်ယူသုံးစွဲနေကြတာ
ရပ်သင့်ပြီ ...
အသိပညာရှင် အတက်ပညာရှင်များ
ခင်ဗျာတို့ကြောင့် ကမ္ဘာ အလှ မပျက်စေနဲ့ဗျာ
ကမ္ဘာပျက်အောင် သံယံဇာတထုတ်နည်းတွေဟာ
အသိပညာ စစ်စစ် မဟုတ်ဘူးဗျ...
ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးတာက
အစစ်အမှန် ပညာရှင်ပဲဗျာ...
အားလုံး အမှန်မြင်နိုင်ကြရင်
အမြင်တွေ အတူတူ မှန်နေကြရင်...
အေးချမ်းသာယာတဲ့ ကမ္ဘာ အားလုံးပျော်ရွှင်ကြမှာ။
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment