အိပ်မက်သစ်တီထွင်မှု့ ကောက်ကြောင်း
♥ ♡ ♥ ♡ ♥ ✏ ♥ ♡ ♡ ♥ ♡ ♡
ပေါက်လွှတ်ပဲစား အလွမ်းတွေပဲထားလိုက်
ငါက အပေအတေ အနုတ်စုတ်ဂုတ်စုတ်ကောင်ပါပဲ
သံယရာတစ်ခုစာ မိုက်လုံးကြီး လိုက်တာ လေ
ကြက်ခြေခတ် စိမ်းစိမ်းတွေ နံနက်တိုင်း
ငါနဲ့လက်ပွန်တတီး ငြင်းခုန် ရင်း
သူစိမ်းဆန်ခြင်းတွေတော့ ငါ့မှာ မထားရှိခဲ့ဘူး
ချစ်သူပေးတဲ့ အဆိပ်ပဲ
ငါက တဂွတ်ဂွတ်မော့သောက်ချင်တာ
ဘဝကို ရေ မရောဘူး.....အသေစောလဲ ကျေနပ်ပါ့
ဘယ်လိုဆုံဆည်းခြင်းနဲ့ ငါသေဆုံးပေးရမလဲကွာ
ငါ့မှာ မင်းပျော်တာသာကြည့်ချင်ခဲ့တာ....ပါ
ငင်နေတဲ့အသက်ဓာတ်တွေ မင်းကိုမပြခဲ့ဘူး
ကမ္ဘာကုန်ကျယ်သမျှ မြတ်နိုးခြင်းတွေ
မင်းမသိခဲ့အောင်းငါဝှက်ထားလိုက်တာပါ
မျှော်လင့်ခြင်းတွေ မင်းအပါးမှာ ကမ်းမကပ်ခဲ့ဘူး
လွှင့်မျောခြင်းတွေ ဆက်တိုင်လွှင့်ထူးလို့
ရောက်တတ်ရာရာ မှာ သာ အိပ်စက်ရင်းလေ
အခု မင်း ပျော်နေပြီးလား.....
မော်ကြွားနေပါကွာ...
ဆြာမကြီးရေ.....
ယူဇနာ လက်တစ်ကမ်းမှာ ငါ ဂွမ်းနေပါပြီလေ
......အိပ်မက်သစ်ကိုတီထွင်သူကြီးရဲ့
အိပ်မက် ယန္တရား ကြီး ချွတ်ချော် တိမ်းမှောက်
ခရီမပေါက်ခဲ့တာ.....
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment