ကလေး......သို့
မေတ္တာ တွေ အခါခါ ငတ်မွတ်
နှလုံးသားလေး ခဏခဏ ဖျား....
၂၇ရက်နေ့တိုင်း မိုးတွေသည်းကြီးမည်းကြီးရွာ...
ရင်ဘတ် အောင့်....အောင့်....လာ..တယ်..တဲ့
ကလေး...
အားတင်းထားပါ အကိုရှိနေပြီလေ
ဘာလို့လဲ.. .လွတ်လပ်ခြင်းများ.. .ဆုတ်ကိုင်ချင်နေတာ
အိပ်မက်ထဲ မှာ လာပြောသွားတယ်မို့လား
ပျော့ညံ့တဲ့ ကလေးမလို့ .................လေ
ကလေး....
ရဲ့ရင့်ပါ လမ်းမရှည်ကြီးလျှောက်မှာ....လေ
အရှုံးပေးမှာလား?..
စိတ်ဓာတ်တွေခိုင်မာအောင်.....ကျင့်
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်က ရှေ့တည့်တည့်တူရှူး
လျှောက်ခြင်းပဲ
ခြေရာအဟောင်းတွေ...ထားခဲ့လိုက်တော့...
ကလေး...
ဓမ္မတာလေ သိတယ်နော်
သင်္ခါရလေ သိတယ်နော်
ဘာတွေ လုပ်သင့်သလဲ
ဘယ်လိုနေသင့်သလဲ
သိနေရဲ့ နဲ့ မလိုက်နာနိုင်တာ....
ကလေး...
အကို စိတ်မပူးချင်ဘူးကွယ်...
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment