တောင်းဆိုချင်ယုံလေးပါ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡
အရမ်းချစ်တယ်ဆိုတာထက်
ပြောချင်တဲ့စကားတစ်ခွန်းရှိတယ်
အနာဂတ်ဘဝအကြောင်းတွေပေါ့
ဒါမယ့်...မဆောက်ဖြစ်သေးတဲ့...
ကျွန်တော်က ကျောင်းတကာအမည်ခံပါပဲ
ဖြစ်နိုင်ခြေနည်းပါးတာသိနေပေမယ့်
ကောက်ရိုးမျှင်ကို မျှော်လင့်ဖတ်တွယ်ချင်သူ
ကျွန်တော်ရူးနှမ်းတာ ကျွန်တော်သိတာပေါ့
ဖြစ်လွယ်ပျက်လွယ်ဆိုရင်တောင်မှပဲ
ရိုးမြေကျတဲ့အချိန်မှ မျှော်လင့်ခြင်း..
ပျက်သုန်းချင်သူပါ..
ဘဝကိုအနက်ကောက်တိုင်းမောတယ်
အဆင်မပြေမှု့နဲ့ အသားမကျတကျ
ငါ့ရဲ့မျှော်လင့်ခြင်းနှမ်းစေ့လေးရေ
ငါ့ယုံကြည်မှု့ ဘယ်အချိန် ခေါက်သိမ်းရမလဲ
စိုးရိမ်ပူပန်မိတာ နေ့စဉ်ပါပဲ...
သူလိုငါလို...ငါ့ဘဝက
အမောပြေစရာ စက္ကန့်တွေ အ နေတုန်း
အမေပြောတဲ့အမောပြေလေးရေ
ငါ့ရှင်သန်းခြင်းတွေအရောင်တောက်ချင်လှပေါ့
ဘယ်နှစ်ရာသီ ငါထပ်မှောင်ရဦးမှာလဲကွာ
အမြဲလင်းဒေသ မှာ မီးသီးတွေကျွမ်းနေပါပြီ
နင့်ကိုယ်ရောင်ကိုယ်ဝါနဲ့ ငါလင်းလို့ရမလား
တောင်ဆိုယုံသက်သက်ပါပဲ
သဘောရှိဆုံးဖြတ်ခွင့်ရှိသူလေးေ၇
ငါ့ဘဝကို အခု ရေရောထားလိုက်ပါပြီးကွယ်...
ဒါမယ့်....ခါးလို့ကောင်းဆဲပဲ
. လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment