ရဲ့ရင့်​စွာ မိုက်​မဲလိုက်​တာ

ရဲ့ရင့်စွာ မိုက်ကန်းလိုက်ပြီ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡
မျှော်လင့်ချက်တွေ တပုံတပင်
လိုအပ်တယ်ဆို အိမ်ကို မ သယ်သွားပါ
ဘာရောဂါဘယမှ မပါဘူး...

အသက်ရှူဖို့မေ့လောက်အောင် လှတယ်
ပျော်ရွှင်ခြင်း တမင်တကာလုပ်ယူထားတဲ့
အိပ်မက်တွေ ရယ်ရယ် မောမော ...

ထွက်မသွားခင် စဉ်းစားပါ
ပြောစရာတစ်ခုခု မေ့ကျန်နေမယ်
အပ်နှစ်စင်းဆိုတာ တစ်ခါဆုံဖို့
အရင်းအနှီးတွေက ဘဝတစ်ခုစာရင်းရ

မပြီးတပြီး ကိစ္စတွေ ဆေးထိုးထား
မပုပ်မသိုခင်အချိန်ခဏ..
စကားလုံးတွေ မီးယပ်ချမ်းထ
ကောင်းကင်အဖုံး ဖွင့်ကြည့်ဖို့ ဘာတွေလိုအပ်လဲ

ခက်ခဲတဲ့ အဓိပ္ပါယ် တွေ စိတ်ကို ဒုက္ခဆိုးတယ်
သမုဒ္ဒရာကိုဖြတ်ကူးပြီးရင်...
နယ်မြေအသစ်မှာ ဘယ်လိုသာယာမလဲ
မကူးဖြတ်ခင် တွေးခေါ်မှု့များ...

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ....
ကဗျာတစ်ပုဒ် စိုက်ပျိုးဖို့
နေရာလွတ်တော့ရှိကောင်းပါရဲ့
ရဲ့ရင့်သလိုလို မိုက်ကန်းလိုက်တော့မယ်။

လင်းဆက်ပိုင်


Posted via Blogaway

Comments