စိတ်ပျံ့ခြင်းလား
♥ ♥ ♥ ♥ ♥
အတောင်တွေဆန့်
ကြောတွေဖြေလျော့
လေဟုန်ကိုပျံဝဲ
တစ်နေ့ထက်တစ်နေ့
ကောင်းကင်ဟာကျဉ်းလာသလို
အမှိုက်တွေ များများ လာ သလား
ငါ့ဝပ်ကျင်းလေဘယ်မှာ
တစ်ကိုယ်စာလေးပါ
ရှာမတွေ့
ဟေ့...
သူရဲဂေါင်းရေ
ဦးဗလရေ
ဖူးလေးရေ
ဆောင်းရေ
အဖြူရောင် ရေ
စင်သီယာ ရေ
မနောရေ
ငါ့ကိုမြင်ရင် တွေ့ရင်
အကြောင်းကြားပါ
အခုပဲ ဆက်သွယ်ပါ
Gmailမရှိဘူး
Phoneမရှိဘူး
ရေဒီယို မရှိဘူး
ဒါမယ့်လေ
တယ်လီပသီနဲ့ ဆက်သွယ်
အခုပဲချိတ်ဆက်ကြမယ်လေ
ငါ့ကိုယ်ငါ ရှာမတွေ့ အောင်
ပျောက်ဆုံးနေ
ဘယ်အရပ် ဘယ်ဒေသ
ဘယ်နေရာ တည်နေရာ
ငါမသိ
ရေဒါမရှိ သေစရာမရှိတဲ့
အရပ်ဒေသလား
ပြေကြပါ ပြောပေးကြပါ
မြန်မြန် ဆက်သွယ်ကြပါ
အဘယ်မှာ ငါက ရှိနေတာလဲ
အရာအားလုံး ပျောက်ဆုံး နေလို့
သြော်....
ငါ့စိတ်တွေ အငွေ့ပျံခြင်းလား
သိတဲ့သူများဗျာ
အဖြေပေးပါကွာ
လင်ဆက်ပိုင်
Posted via Blogaway
Comments
Post a Comment