လင်း

လွမ်းသလိုလို
ဆွေးသလိုလိုပဲ
ဘယ်သူ့လွမ်းလဲ
ခေါင်းစဉ်သေချာမသိ
ရေရေရာရာ
သေသေချာချာ
ဘာဘာ ဘာမှမသိသလို
ဘာဖြစ်နေလဲ ငါမသိ
သေချာတစ်တော့ရှိတယ်ဆိုရင်
ငါရူးနေတာနေမှာ
ဟုတ်သလိုလိုပဲ
မဟုတ်ပြန်ဘူး
ဘာတွေမဟုတ်လဲ
စဉ်းစား ကြည့်တော့
မှောင်မည်း နေတဲ့
အခန်းတွေချည့်ပဲ
စမ်းတန်းတန်လျှောက်
ဘယ်ရောက် ဘယ် ပေါက်နေလဲ
ဒီအပင် ဘာသီးတွေသီးသလဲ
သြော် အရိုးပြိုင်းပြိုင်းနဲ့
သီးပွင့်ဖို့ မရေမရာ
သေ နေ တဲ့ ရေသောက် မြစ်
ွဘယ်လို စီးဆင်း
ဘယ်ကစ ဘယ်မှာဆုံးမလဲ
မသိရ လုံဝကို မသိရဘူး
ခြာခြာလည်လို့ ကွေ့ပတ်
ဝေ့၀ိုက် စိတ်ကြိုက်ပဲမျော
ဒိုက်တွေနဲ့ခလုတ်တိုက်
မှော်တွေနဲ့ငြိ
ဇော်တွေနဲ့ညှိကြည့်တယ်
လေလံပစ် ဖို့
ဧရာနဒီ မှာ မှီခိုသူတွေ
မဆိုင် မပိုင်
လူ့မလှိုင်တွေက မှောက်လို့မှောက်
သွန်လိုသွန်နဲ့
ငါတိုမှာသာ တစ်ကိုယ်လုံးမှောင်တယ်
ဖရောင်းတိုင်လေး ဦးနှောက်ထဲမှာထွန်းလို့
လေတိုက်တိုင်းငြိမ်းနေရတာ
တရာခံ ဘယ်သူလဲ့ဟေ့
မေခလာသီချင်း နားထောင်းဖူးတယ်
အဖြေတော့မပါဘူး
ဘယ်ပါမလဲ အဖြေမှန်တွေ
အားလုံးအားလုံး စိမ်းဖန့် ဖန့် 
စာအုပ်ထဲမှာ သော့လတ်ထားတာပဲ
ဟေ့..
ဘယ်သူလဲ ဖွင့်ဖို့ကြိုးစားနေတာ
လာလုပ်မနေနဲ့ မောသွားမယ်
ကုဒ်တွေ အထပ်ထပ်
ကလိမ် ကကျစ် အနီအနက်
ဥာဏ်သက်တန် အရောင်စုံ
ငါတိုကတော့ ၀ါဆွးဆွေးလေ
One colour ပဲ
မပြောချင်တာတွေပဲ
နိစ္စဓူဝ ပြောပြောနေရ
ဘာာ
အာဠ၀ီ မောင်ရွှီး ရဲ့
ဒီဇာတ် ဒီအရပ် မှာ
လူပြောများတဲ့အကြောင်း
အရာ အချိုးရာ အထပ်ထပ်
ကျောပြင်ကို ဗြောတင်တယ်
သတ္တိရှိလား မေးမေးပြီး
မျက်နှာကိုအ၀တ်အုပ်
နံကြားကို ပစ် ပစ် ကန်နေတာ
သူတိုသတ္တိက ချီးကျူးစရာ
သွားတွေကျွက် ရှိသမျှတွေ
ချွတ်နေကြ နံငယ်ပိုင်းလေနဲ့
အော် အေး အေး အေးပါ
နင့်တို့က တစ်ဖွဲ့လုံး
တူတွေလေ ရှစ်ပေါင်တူးတွေ
အဲ့..
အခုတော့ သူတို့မဟုတ်သလို
မျက်နှာပေးကိုက
ကြည်လို့ကိုမရ ဘာကောင်လဲဟ
ပြောစကားတွေဟာသတွေ
လူရွှင်တော် လုပ်ပေါ့
အခုတော့ လေ သူတို့ဂ
ဝံကြီး လူဝံကြီးလေ
အမလေး အမလေး
အရပ်ကတော်တို့ရေ
သူတို့ပြောသမျှကတော့
ကျော်မကောင်းကြားမကောင်း
ကမ္ဘာ့ ထူးဆန်း အံ့ဖွယ်
ဘာတဲ့ ဘာတဲ့ ဘာတဲ့တုန်းဟဲ့
ကလေးကကြီးလာလို့လားပဲ
ကလေးစကားပဲ ပြောပြောနေတာ
တောက်....
ခေါက် ထား လိုက်တယ်
လုပ်စရာရှိတာသာလုပ်
ခွေးတွေ ဟောင်တိုင်း
ထထကြည့် ရရင် အိပ်ပျက်
စားပျက် ခံတွင်းပျက်
အာ မလိုက်တော့ဘူး
ကျီတွေအာ နေတာပဲ
ဧည့်သာဦးမယ်...
ဦးနှောကို ဖောက်စားမယ့်
ဂလိုဘယ်တံဆိပ်ကပ်ပြီး
လက်ဝါးကြီးအုပ်ချင်တဲ့ကောင်တွေပေါ့

      ခန့်ပိုင်မှူး  


Posted via Blogaway

Comments