အပြိုင်​ရှုံးတယ်

အပြိုင် ရှုံး.....တယ်
✆ ♪ ✆ ♪ ✆ ♪ ✆ ♪ ❦
မင်းရင်ဘတ်ထဲက ငါ့ကိုအော်ခေါ်နေတဲ့
အသံအရိပ်တွေ ငါမြင်တွေ့ခဲ့တယ်

မင်း....
ငြင်းပယ်လိုက်တဲ့စကားလုံးတွေဟာ

မင်း...
နှစ်သက်တဲ့ မြတ်နိုးခြင်းအတိပြီးသော
လက်ရွေးစင် စကားစုလေးပါ

ရင်ဘတ်ထဲကကြီးစိုးမင်မူနေတဲ့စကား
ဦးဏှောက်ကနေ အတင်း ဆွဲချုံလိုက်တဲ့
မိတ္တူ တစ်စောင် ဆိုရင်...

ဒါဟာ ငါ့ရဲ့ အိပ်ဆောင် Dictionaryပေါ့
ခေါင်းထဲမှာ ပန္နတ်ရိုတ်ဖို့ ......

ငြိမ်းငြိမ်အေးချမ်းစွာ အရွေ့လေးတွေနဲ့
ကျက်မှတ်
ဘာသာဗေဒ အသစ် အမှာစားရေးထိုး

မင်း...
ဘေးထိုးထားတဲ့ အသဲနှလုံး
မင်း ပြုံးတက်အောင် ငါသင်ပေးရုံသက်သက်
ငါ့တို့တွေ ပြိုင်တူ ရှုံးနိမ့်လိုက်ကြတယ်

မနေ့ညကကပေါ့.....

လင်းဆက်ပိုင်


Posted via Blogaway

Comments