ကျွန်တော့်လက်စွဲများ
✖ ✖ ✖ ✖ ✖
သူကဗိသုကာ အာခိတက်
ငါက
အုတ်ခ၊ဲ့ သဲ ၊ကျောက်စရစ်ခဲ
ထုံး၊ဘိလပ်မြေ
ကြိုက်သလို့မွှေ
ငါကIQ နိမ့်တယ်
EQနိမ့်တယ်
အေး@စိတ်ဓာတ်တော့
အောက်တမ်းကျအောက်မနိမ့်ဘူး။
သူကကျွန်တော့်ဒိုင်ယာရီ
ငိုတယ် ၊ ရယ်တယ်
ပြုံးတယ်၊မဲ့တယ်
ချစ်တယ်၊စိတ်ပျက်တယ်၊
အဆိပ်တက်တယ်၊ဝမ်းနည်းတယ်
ဝမ်းသာတယ်၊စိတ်ကောက်တယ်
စိတ်ဖောက်တယ်၊အိပ်မက်တယ်
အိပ်ပျက်တယ်၊စိတ်ဆိုးတယ်
ကာလာစုံ၊ဖြူ၊နက်၊ပန်း၊ခရမ်း
လိမ္မော်၊ဝါ၊စိမ်း၊နီ၊ပြာ
ဘိလိယက်သီးလိုကြိုက်သလိုသာထိုး။
သူက Dictionary
စကားလုံးထောင်ပေါင်းများစွာ
အီဒီယမ်တွေပါရောစပ်
ခဏခဏလှန်ဖတ်
တစ်သက်တာလွက်စွဲ
အသံထွက်ငပိသံနဲ့
Disctionaryက
မိုနာလီဇာလိုပြုံး
တော်တော် တုန်းတဲ့ကောင်မို့
သွာဖြဲလေနဲ့ပြန်ပြုံး၊သွားရည်ကျ
အရည်မရ၊အဖတ်မရတာတွေဖတ်မိတာ။
လင်းဆက်ပိုင်
ီ
Posted via Blogaway
Comments
Post a Comment