မုသား​ဗေဒ

မုသားဗေဒ ယန္တရား တခစ်ခစ် ခေတ်
❀ ❀ ❀ ❀ ❀ ❀
ကောင်းကင်တခွင်လုံး ညို့ညို့မှိုင်း
ခြေလှမ်းတွေ အဟာရမဲ့ နေရတယ်
မဖွံ့ထွားသေးတဲ့ ဦးဏှောက်များနဲ့
ဝမ်းစာတွေ ခက်ခဲစွာ ထွားကြိုင်ရပေါ့

လှောင်အိမ်ထဲကအသံများ....
စကားအဖြစ်ပြောခွင့်မရတဲ့ နေ့ရက်တွေ
ဒုက္ခတွေသာ ထမ်းဖိုးရင်း...
ရွေးချယ်ခွင့်က ..
ရှူးတိုးတိုး အလင်းယိုင်ယိုင်တောင်ဖြတ်ခွင့်မရှိတဲ့

နည်းစနစ်ကျ ပညာမဲ့ခြင်းတွေနဲ့
ပန်းအသေရနံ့တွေ ဟိန်းနေတုန်းပဲ
နီးစပ်ရာသာ ၀တ်မှုံကူးရင်း .....
လိပ်နဲ့ဖားတွေ မျိုးစပ်ကြတော့....
အိမ်း....ကောင်းရော

ချို့တဲ့စွာ အဟာရသိဒ္ဓိ ပြီးနေရ
ပြင်းရှတဲ့ ရောင့်ရဲ့ခြင်း အပြုံးများနဲ့
ငါတို့ အိမ်အပြင်ဘက်မှာ ကျွန်ခံနေရတာ
မိဘပြည်သူများခင်ဗျာ စကားအနွမ်းနဲ့ဖြေသိမ့်ရ

ဝမ်းတစ်ထွားအတွက်....
အချိန် လူ ဘဝပါ ထိုးကြွေးနေရတာ
ဒင်းတို့ နားကန်း ဦးဏှောက်ကန်း စီမံကိန်းကြောင့်လို့
မပြောပါဘူး......ထင်းထင်းကြီး ငုပ်နေတာပဲ

မြုပ်ချည် နစ်ချည်နဲ့ ကူးခတ်ရင်း
တစ်ကွေ့ပြီးတစ်ကွေ့ မသေယုံနစ်ရင်း
ဘဝတွေ မှောင်ပြီးရင်းမှောင်ရင်း
မုသားဗေဒယန္တရား ပျက်ယွန်းဖို့ အလင်းနှစ်က နီးနီးလေး။

ခန့်ပိုင်မှူး
—  with အိပ်မက်သစ်တွေ တီထွင်သူ and အိပ်မက်သစ် ကို တီထွင်သူ (remove)
Mobile Uploads · 16 October ·
View Full Size · Send as Message · Report Photo · Remove Tag


Posted via Blogaway

Comments