ဆောင်းဦးရဲနှင်းတစ်စက် ခြေလှမ်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ခ၀ဲပွင့်ဝါ၀ါလေးတွေ ဆောင်းရဲ့နှင်းနဲ့လင်းနေပြီ
ဒီရာသီရဲ့ စက္ကန့်တံဟာရှည်မျောမျော
အလွမ်းဒီဂရီတွေ ချမ်းစိမ့်စိမ့်
ကိုယ်ငွေ့လွှာတွေ တောင်ဆိုနေသံ
ချစ်သူကြားပါစလေ။
ရာသီခွင်အရ တန်ဆောင်ပုန်းဟာ
ထုံကူးဖို့အကောင်းဆုံး ဆေးပေါင်းခပြီ
ငါတို့နှလုံးသားဆက်လို့ အချစ်တွေ ဖူးပွင့်ကြမယ်ချစ်သူ။
တကယ်တော့ ငါခံယူထားတာ
ချစ်သူဆိုတာထက်ပိုတယ်
လူတကာပြောပြောနေတဲ့အချစ်ဆိုတာထက်ပိုတယ်
သိမ့်မွေ့နုညံမှု့နက်ရှိုင်းလွန်းတော့
ချပြစရာစကားလုံးတွေ ရှာမတွေ့ဘူးကွယ်။
အချစ်တစ်ခုရဲ့အတိမ်အနက်တိုင်းတာဖို့
အချိန်အနုအရင်မလိုအပ်ဘူး
အရောင်တွေ ၀င့်ကြွားလာမယ့်နေ့ဟာ...
လက်တကမ်းမှာပါ ချစ်သူ
ဒီလို စိတ်ကူး အတွေးနဲ့ ငါ့နေ့ရက်တွေ လှပနေတုန်းပါ
ချစ်သူ ကြားစေသား။
ဒါဟာ ဆောင်ဦးရဲ့ နှင်းစက်ခြေလှမ်းပါပဲ
အနာဂတ်ကို အေးမြခြင်းတွေ ဆောင်းကျဉ်းပေးတဲ့
နိမိတ်ပုံ သေင်္ကတ ပေါ့
မကြာခင်မှာ ရုပ်လုံးကြွ ခန့်ထည်တော့မယ်လေ
ချစ်သူ.....ရင်ကိုအေးစေသား..။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment