စိတ် တစ်ခုကို ရိုးသားစွာ ချဉ်းကပ်ခြင်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ငါနားထာင်လိုက်တဲ့ မင်းရဲ့အသံဟာ
ငါပြန်ပြီး တုန့်ပြန်ဖို့မဟုတ်ဘူး......
နားလည်အောင်လက်ခံတက်ဖို့ကြိုးစားခြင်းပါပဲ
ဖြစ်နိုင်ရင် ပေါင်းစည်ခြင်းအင်အားနဲ့
အနာဂတ်ကို ပုံဖေါ်ခွင့်တော့ လိုချင်မိတယ်
အရှိတရားရဲ့နောက်မှာ ဘယ်လိုကွပ်လပ်ရှိနေမလဲ
ခဏတာမဟုတ် ရိုးမြေကျထိ
မင်းနံဘေး တက်ကြွစွာ စိတ်ခံစားမှု့ကို
နားလည်မှု့ ပေးချင်ယုံ သီးသန့်ရလိုတယ်
ချစ်ခြင်းရဲ့အလွန် အတ္တရဲ့အပြင်ဘက်ကနေ
သူနိုင် ကိုယ်နိုင် လမ်းတစ်ခုလောက်ဖောက်လို့ ရမလား
အိပ်မက်တွေ သစ်လွင်ဖို့ ဆွေနွေးခြင်းများသာ ....
ငါ့ အဇ္ဈတ္တ ရိုးသားစွာနဲ့ မင်းကိုစုံမက်မိတာပါ
လိုချင်တက်မက်မှု့ အနည်းငယ်ရောစွတ်တယ်
ဝေးခြင်းနီးခြင်းရဲ့ဘောင်အပြင်ဘက်မှာ
လှပတဲ့ ချစ်ခြင်းတစ်ခု ရှိနေပါတယ်..
စိတ်ကိုတည့်တည့်လာတိုက်ခတ်တဲ့လေပြည်တွေ
ရောပါလာတဲ့ အမှုန်အမှိုက်တွေကို ခွဲခြမ်းဖြာစိတ်ရင်း
တုန့်ပြန်ဖို့ထက် နားလည်လက်ခံဖို့သာ ကြိုးစားမိသည်။
ခန့်ပိုင်မှူး (စိတ်စေရာနောက် ဖ၀ါးထပ်လျှက်)
Posted via Blogaway
Comments
Post a Comment