ဆို့နင့်နေတဲ့ ယဉ်ကျေးမှု့
✖ ✖ ✖ ✖ ✖ ✖ ✖
မင်းထိုးတဲ့ဆေး
ဒဏ်ရာထက်ပိုလှတဲ့ ဆေးမင်းကြောင်
တစ်ကိုယ်လုံး စီးဆင်းနေတဲ့ ဆေးသတ္တိများ
လှေခွက်ချည့်ကျန် အလံမလှဲစတမ်း
ရွတ်ရွတ်ချွန်ချွန် ချစ်ချင်တဲ့ကောင် ရဲ့
ဇာပနာ သိပ်ပြီးကြီးကျယ်ခမ်းနားလှတယ် မဟုတ်ဘူး
အဖြစ်အပျက်တဲ့ စီးဆင်းနေပုံက
ဒီလို ဒီလို ဗျာ...
ဖြစ်ပြီးရင်ပျက်ရစတမ်းတဲ့လား
ပျက်ချိန်မတန်သေးဘူးထင်တုန်းမို့ပါ
ဒီထင်ယောင်မှု့နဲ့ ဂယောင်ခြောက်ခြား
ဖောက်ပြားခြင်းတွေမှာ ရှင်းပြစရာ..
စကားများ......ရှိနေတယ်ပေါ့
မလိုအပ်တော့ပါဘူးခင်ဗျာ...
စို့နင့်သွားတဲ့ ယဉ်ကျေးမှု့ .....။
(ဒဏ်ရာထက်ပိုလှတဲ့ဆေးမင်းကြောင်မရှိဘူး)စိုးဝင်းမြင့်
ခန့်ပိုင်မှူး
Posted via Blogaway
Comments
Post a Comment