ခေါင်းစဉ်မရှိ
♡ ♡ ♡ ♡
အလွန်အကြူး ချစ်တယ်ပြောဖို့
ငါ ဘာသာစကားရှာမတွေ့သေး
အချစ်ကိုတိုင်းတာတဲ့စကေး
ဘါသာစကားမလုံလောက်သေးနှုပ် နေတယ်
သေချာတာတစ်ခုက အချစ်ကိုနုညံ့စွာ ယှက်လုပ်တယ်
အချစ်ရေ....
မပျော်ရွှင်တဲ့ တိမ်တွေအကြောင်း ကောင်းကင်ကြီးပိုသိမယ်ထင်
အပူအအေး အခိုးအငွေ့တွေဟာ ရာသီတွေ ဖန်တီး
ပင်ကိုသဘောအရ လူဟာ လူဓာတ် စိတ်ဓာတ်
ခိုင်မာအောင်တည်ဆောက်ရ
ဘယ်သူပြောလဲကွာ......
ယုံကြည်ရာကို ရဲဝံ့စွာလျှောက်လှမ်း
လေလှိုင်းသံယောဇဉ်ကို ယုံကြည်တယ်
ငါ့စိတ်ဓာတ်အောက်တန်းမကျလို့
တစ်ဘက်လူကိုလည်း ယုံကြည်တယ်
ငါ့တို့ဟာ ငါးခုံးမ မဟုတ်ဘူး
ငါတို့ရင်ခွင်လည်း ဘယ်တော့မှ မပုပ်ဘူး
အရာရာ ဒွန်တွဲနေတယ် ဆိုရင် တောင်
ပစ္စပ္ပုန်တည့်တည့်မှာ အကောင်းဆုံး အသန့်ဆုံး
ရိုးသားနေမယ်
အမြင် သုံးသပ်ချက်ဟာ ဘယ်တော့မှ.....
ရာနှုန်းပြည့်......မှန်သလဲ
ချစ်သူရေ.. .
ငါ့တို့ သမိုင်းရိုးသားကြောင်းသက်သေ....
အသက်သေထိရိုးသားကြမယ်နော်....
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment