အပြင်း​ပြေ

null

အပြင်းပြေစကားလုံးFrequency
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ခဏခဏချွဲနေကျ
အလိုမကျမျက်စောင်းခဲပုံ
တမင်စိတ်ဆိုးဟန်ဆောင်ပုံအဆုံး
အရာအားလုံးကဗျာဖြစ်။

အချစ်မှာအာရုံမှောက်ခဲ့
ရုပ်ပျက်  ပြာနှမ်း စေပါသလား
သွားပါ မချစ်တော့ရင်
ဂန္ထ၀င် စိမ်းနဲ့နှုက်ဆက်
စိတ်ရှုပ်ယှက်အောင်လုပ်ခဲ့တာ။

ငါကလည်ငါပဲ
အချိန်တိုင်းသတိရ
တစ်ဒဿမစက္ကန့်
ဒဿမမျက်တောင်တစ်ခတ်
ြီိကိမ်နှုန်းနဲ့တွက်ရင်
Frequencyတွေတာင်ငို။

နှလုံးသားကပြိုတယ်
ပဲ့တင်ပြန်လာတဲ့ကြိမ်နှုန်း
တစ်သက်လုံးအတွက်တစ်ကြိမ်နှုန်းနဲ့
သူ့အပြောက မုန်းတယ်။

ကဲ     အခု
အိပ်မွေ့ချခံလိုက်ရတဲ့စကားလုံး
ကဗျာထဲမှာ ကခုန်
လမ်းလျှောက်
စိတ်ဖောက်
အမောဖောက်
သူစိတ်ကောက်တဲ့အကြောင်း
ကျွန်တော်နှလုံးသားမှ
အဘိဓာန်များသာ
အခုပဲသော့ခတ်။

ယောင်္ကျားကမ္ဘာကိုမွှေနှောက်
မိန်းမကြောင့်ဘဝပျက်သောယောင်္ကျား
နင့်ကြောင့်ပဲကမ္ဘာကြီးဗြောင်းဆန်နေ
မပြောချင်တော့ပါ
ရာဇဝင်ထဲမှသူရဲကောင်းများသက်သေ။

သစ္စာတရားကို Rapping ရွတ်
ဘိ ဖလိုး ဆိုပုံဆုပေါက်အီမီနမ်တောင်ငို
သံပြိုင်အော်တဲ့ပဲ့တင်တဲ့အသံတောင်
ဥပေက္ခာနဲ့ ဟာမိုနီလိုက်
ကြိုက်တဲ့သူဆက်နားထောင်ပေါ့။
စဉ်းလဲကောက်ကျစ်မှု့နဲ့လမ်လျှောက်
ရိုးသားခြင်အတိပြီးသောမျက်နှာဖုံးနဲ့
ပကတိနင့်အပြုံးတွေ
ပျော်လိုက်မော်လိုက်ဦးပေါ့။

         လင်းဆက်ပိုင်
      ၂၅့ ၆့ ၂၀၁၄
    ၁၀း၀၀နံနက်


Posted via Blogaway

Comments