ယုံကြည်​မှု

ယုံကြည်မှု့ (၀ါ) ပန်းတိုင်
★ ★ ★ ★ ★ ★ ★ ★
ရွှေတောင်ကြီးပြိုတဲ့ ပြက္ခဒိန် အဟောင်းကြီးလေ
သတိရပါ တမ်းတစွဲလမ်းနေလို့တော့
ထူးခြားလာမှာမဟုတ်ဘူးကွယ့်။

ဘဝဆိုတာ ပဉ္စလက်ဆန်ဆန်ပါပဲ
ရှင်သန်းမှု့အတွက် ကိုယ်တိုင် ယုံကြည်မှု့တည်ဆောက်
အချိုးအကွေ့တွေ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် လိုက်။

ယုံကြည်မှု့ ပျောက်ဆုံးခြင်းဟာ ရှုံးနိမ့်ခြင်းအစစ်ပဲလို့
သိနေရက်နဲ့ လိုက်နာနိုင်ဖို့ သတ္တိမမွေးတာသာ
နှစ်ကြိမ်ရှုံးနိမ်ခြင်းပဲကွယ့်။

ထာဝရရှင်သန်းခြင်းဆိုတာမရှိ .....
ဘုရားရှင်တောင်မလွန်ဆန်နိုင်တာပဲလေ...

ရွှေတောင်ကြီးမရှိတော့တဲ့အချိန်မှာ
ပိုကြိုးစား ပိုရဲရင့် ပိုရင့်ကျက် ပိုတည်ငြိမ်..
သင် စိတ်ကျအားငယ်နေခဲ့မယ်ဆို...

သင့်အောက်က ပန်းကလေးတွေပါ ညှိုးနွမ်းနေမပေါ့

ပန်းတိုင်ဆိုတာ ကိုယ်တိုင်ဖန်တီးပြီး
မရောက်ရောက်အောင်....
ဇွဲ လုံးလ ၀ီရိယ နဲ့ လျှောက်ရတာ....

အဆင်မပြေမှု့တွေ မေ့ထားလိုက်ကွယ်
ယုံကြည်မှု့ နဲ့ ဇွဲ ကို စမ်းသပ်တဲ့
စပ်ကူးမတ်ကူး ခဏတာလေးတွေ
ကျော်ဖြတ်လိုက်ပါ မာန်အပြည့် ၀င့် ပြီး...

ဟော...
မကြာခင် ညနက်အိပ်မက်ဆိုးတွေရှောင်ပုန်းကာပြေး
အာရုံဏ်ဦး....ရောင်နီ သာယာလှပနေတော့မှာ...
သင့် ......လက်တစ်ကမ်းမှာ....သာ။

လင်းဆက်ပိုင်


Posted via Blogaway

Comments