ပထမဆုံး​ရေးမိတဲ့ ၀တ္ထုတို

ချစ်​သူဖတ်​ဖို့စာအုပ်
...လင်းဆက်​ပိုင်
(နှလုံးသားဟာ စာအုပ်
ချစ်​သူဖတ်​ဖို့ အိပ်​မက်​​တွေနဲ့
ချုပ်​လုပ်​ထား ပြီ ကွယ်
အိပ်​မက်​ယဉ်​ စိတ်​သန်းကြွယ်​စွာသီကုံး
ချစ်​သူ..ဖတ်​ဖို့ကွယ်​! !
ကိုယ့်​နှလုံးသားဟာ ချစ်​သူဖတ်​ဖို့ စာအုပ်​ဖြစ်​ပါသည်​ ဆိုရင်​ဖြင့်​.....
သူမဟာပြုံး​တော့မယ်​​ပေါ့ နှုတ်​ခမ်းစူစူနဲ့ ​ပေါ့ကွယ်​....)
တကယ်​ပါ ချစ်​သူ...
ခံစားမှု့မြစ်​​ကြောင်းတစ်​​လျှောက်​ သတိရခြင်း၊အလွမ်း ၊အိပ်​မက်​ယဉ်​စိတ်​ကူး​တွေနဲ့ စီးဆင်​လို့​ပေါ့။
ငါက ကမ္ဘာ​မြေ​ပေါ်က အစက်​အ​ပျောက်​​လေးပါချစ်​သူ ခမ်းနာထယ်​၀ါမှု့ စိုးစီးမျှ မရှိသူပါ။
ချစ်​သူ့နံ​ဘေး ထည်​၀ါ​တောက်​​ပြောင်​စွာ နဲ့ ချစ်​သူ့စိတ်​နှစ်​ဖြာ လန်းကြွ​အောင်​ ကြံ​ဆောင်​​ပေးချင်​ဘိ​ပေါ့ကွယ်​...။
အသားကျစွာ မင်းရဲ့စိတ်​ကို ၀တ်​မြန်းချင်​တာ ဆန္ဒလွန်​ကဲတဲ့ စိတ်​စွဲလန်းမှု့ ဆိုပါ​တော့.. .

ကိုယ်​က ရင်​ခုန်​သံ ကျယ်​​လောင်​စွာ ဟစ်​​ကြွေးခွင့်​မရှ်ိသူပါ။ နားလည်​ပါတယ်​ချစ်​သူ ။
ကိုယ်​ဟစ်​​ကြွေးခွင်​က အ၀ီစိတွင်းထဲကအသံလို
ချစ်​သူ ပူ​လောင်​​နေမလား။အနားမှာ ခဏတာ​လေး​တော့ ​မေတ္တာ​တွေ ချပြချင်​ယုံပါအချစ်​ရယ်​။

ဆုံနိုင်​ခွင်​ကို ကိုယ်​တိုင်​ဖန်​တီးခွင့်​မရှိ ​သေခြင်း
ရှင်​ခြင်းများ ချစ်​သူ သာ ပိုင်​စိုးလွှမ်းခြုံ ​​မျှော်​​နေယုံထက်​မပိုရဘူးလားကွယ်​ ...​သေချာစွာ
တစ်​​နေ့​နေ့​ပေါ့ အချစ်​​တွေပီပြင်​စွာ ရုပ်​လုံးကြွမယ့်
ရာသီ​တွေ မှုန်​​ဝေ့စွာ ​အေးခဲတုန်းပါပဲလား။
ဆံပင်​​တွေရှည်​ လက်​သည်း​တွေရှည်​ညနှုတ်​လမ်း​မွှေး​တွေရှည်​တာဖြတ်​ပြစ်​ရင်​...စိတ်​ရှည်​​နေရတာလည်း ဖြတ်​ပြစ်​ချင်​လာတယ်​(တခါတ​လေ​တွေးမိ)

(အိပ်​မက်​ဦးရာသီရယ်​နိုး​​လော့
မျက်​၀န်းမှာ ​ကျော့​ကျော့ထပ်​ကာ
ကူးခတ်​လို့ ​လှော်​​နေတာ..
ချစ်​သူဘယ်မှာ မသိ​လေတဲ့
ဦးတည်​ရာကဆုန်​စိုင်းတဲ့ ငမိုက်​က​လေးကွယ်

ရင်​ခုန်​သံဟာ ညာမရ​တော့ပဲ တစ်​စက္ကန့်​ရဲ သွားနှုန်းတိုင်း ချီတက်​​နေတာ ရှည်​လျားတဲ့မိုင်​​တွေကို မရပ်​မနား အားပါးတရ ​လျှောက်​လှမ်း​နေဆဲ....ချစ်​သူ့ရဲ့ အပြုံးတစ်​ပွင့်​ အရှက်​လက်​လက်​မြင်​ချင်​တဲ့ ဆန္ဒ နဲ့​ပေါ့။သက်​ပြင်း​တွေဆွဲတင်​ စိတ်​ဓာတ်​​တွေမြင့်​တင်​ ချစ်​သူ့အတွက်​ ငါစာအုပ်​ဟာ ငါကိုယ်​တိုင်​ပါဝင်​တဲ့ ...။

ငါ့အိပ်​မက်​ကျမ်းလည်းဖြစ်​တယ်​။လ​ရောင်​ဆမ်းလို့ လင်း​နေခွင့်​​တော့ စာအုပ်​က​လေးက​မျှော်​တယ်​။တိမ်​အုပ်​​တွေ သုတ်​သင်​လို့ အလင်းကို​ဖွေရှာ ​ပေတရာမှာ တံလျှပ်​​တွေနဲ့ စစ်​မက်​ပြိုင်​ရင်း...ငါ့ပခုံးဟာ မင်းအတွက်​ လက်​ရုံးဆိုတာသက်​​သေပြခြင်းပဲ ဖြစ်​လိမ့်​မယ်​။ယုံကြည်​ဖို့ ​တောင်​ဆိုခွင့်​ မ​ရေရာဘူး ဆိုလည်း ရှိပါ​စေ​တော့ ငါအားကုန်​ထုတ်​ ရိုး​မြေကျ​အောင်​ ကြိုးပမ်းလိုက်​မယ်​!

ချစ်​သူ မျက်​နှာဖုံးကို အပြုံးတပ်​ဆင်
မာတိကာမှာ အသံ​တွေ အက္ခရာအတိုင်း​​စီရင်
အ မှ က အထိ ကစဉ့်​ကလျာသံစဉ်း​တွေနဲ့
အိပ်​မက်​စာအုပ်​ ချစ်​သူဖတ်​ဖို့ အိပ်​ပျက်​ညကချုပ်​လိုက်​တယ်


Posted via Blogaway

Comments