ယုန်လေး......သို့(၂)
♪ ♪ ♪ ♪ ♪ ♪ ♪
ယုန်လေးရေ
မကြာခင် ရောင်နီလာတော့မယ့်ကွယ့်
တောင်တန်းကြားက နေမင်းကြီးကို
အတူတူ ကြိုကြစို့နော်
ယုန်လေးရေ ရောင်နီကိုလေ
အပိုင်ဝယ်ပြီး ငါ့ရင်ထဲမှာထည့်
ယုန်လေးက ငါ့ရင်ဘတ်ကိုမှီ ခို ပေါ့
ဘင်ခရာတီးဝိုင်း လို ငါ့ရင်ခုန်သံကြောင့်
ယုန်လေး လန့်သွားမှာစိုးရိမ် မိ
ယုန်လေးရေ
ငါတို့ဆုံရပ်အနီးအနားမှာ
အထင်ကရ*ဇ*တောင်ကိုတက်မယ်ကွယ်
မောလာရင် ကိုယ့်ပခုံးကိုမှီ
ခုံတန်းဆောင်းလေးမှာနားရင်း
တီတီတာတာ ပြောမယ်ကွယ့်
လမ်းတွေကြမ်းနေရင်
ယုန်လေး ဖ၀ါးနုနု အိုးးး သွေးခြေဥနေမယ်
ရော့ကွယ့်..အကို့အသဲနှလုံး ဖိနပ်လုပ်စီး
ဟော့ဒီ့ ပစ္စုန်ပ္ပန် တလျှောက်လုံး
မချွတ်စတမ်းစီးပါကွယ်
အားမနာပါနဲ့ကွယ့်
ကိုယ်ရံတော်လိုစောင်ရှောက်
ခလုတ်မထိဆူးမငြိစေပဲ
အခုအချိန်ခဏတော့ မျက်စိအောက်က
အပျောက်မခံ
တို့နှစ်ဦးကြားလေညှင်းလေးတောင်
ဖြတ်သန်း သွားခွင့်မရှိဘူးကွယ့်
ဒီစိတ်ကူးလေး ဒီစိတ်ကူးလေး ဒီစိတ်ကူးလေး
မျှော်လင့်ရင်းလေ
ကံကြမ္မာကြီးနော်
ကူညီ ဖေးမပါ သေချာနေတဲ့ဆုံမှတ်ကိုလေ
အထားအသို မှန်ကန်အောင် စောင့်မတော်မူ
လောကတစ်ခွင် သာယာကြည်လင်....
ယုန်လေးလည်း ဆုတောင်းပါ
လှည့်ပတ်နေတဲ့စက်ဝိုင်းကြီးထဲ
နှလုံးသား တွေ ဖူး ပွင့် တဝေေ၀
ရနံ့ တို့ စိတ်ကူးထဲမှာ မွှေးပျံ့ နေ......သည်
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment