ခေတ်စကား
✖ ✖ ✖ ✖
ပဋိပက္ခ အချစ်ပျက်လုံးတွေ
ပျက်ပြယ်နေတဲ့ စကား ကတိတွေ
နီဆွေး ၀ါကြင် စကားလုံး စီးကြောင်းများ
ရွှေသမင်ဖမ်းကြမယ်ဟေ့တဲ့
လျှို့ဝှက် ခြောင်း မြောင်း
လူတို့မြိုင်မှာ
သမင်မရယ်သံသောသောညံလို့
ပင်လယ်လို ဦးနှောက်များနဲ့
လျှပ်ပေါ်လော်လီ တခမ်းတနားမြို့ပြများ
ပွင့်လင်းတဲ့အတွေးအခေါ်နဲ့
တကိုယ်လုံး ၊ဖွင့် ၊ထုတ် ၊ဖော် ၊ပြသ
ပွင့်အယ်နေတဲ့ ဆီလီကွန် ကောက်ကြောင်းတွေ
Cat Walk လျှောက်သောခြေလှမ်းများ
ဂလိုဘယ်ယဉ်ကျေးမှု့လား
စိတ်ပိုင်းဆိုင်ရာ အ၀ီစိထိုးဆင်း
ရုပ်ပိုင်းဆိုင်ရာ တွေ လင်းခနဲ ဖြာခနဲ
ကျွန်တော် ကြည့်ရမှာရှက်တယ်ဗျာ
U.S.A အယူအဆတဲ့
အတူနေချစ်သူတဲ့
ဘာာာာာာာ
လဲ
ကျနေတဲ့
ဟိရိသြတပ္ပ တွေ
ငါမပြောချင်ဘူးနော် ဟွန်းးး
ဖရုဿဝါဆာတွေ
မြစ် တွေ စီး နေ ဆဲ
ဒိုက် တွေ မျော နေ ဆဲ...
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment