ဆေးလိပ်​ဖွာတဲ့ည

ဆေလိပ် ဖွာနေတဲ့ ည
♡ ♡ ♡ ♡ ♡ ♡ ♡
ညကြီးက ဆေးလိပ်ဖွာလို့
မအိပ်စက်ဘူး
လွှင်မျောလို့ လာ မလားပဲဆိုတဲ့
စကားလုံးတချို့နဲ့ အနမ်းတချို့ကို မျှော်.....

မိုးညကရှည်လျားစွာ
အတွေးများယောက်ယက်ခတ်လှိုင်း...
မပျော်ဘူး...တကယ့်ကိုအိပ်မပျော်ဘူး..
လွမ်းတယ်....အိပ်ဆေးစကားလုံတချို့ကိုပေါ့

ကလေးဘဝက မယုံကြည်ခဲ့တဲ့....
ကိန္နရိ ကိန္နရာ ကို အခု ကိုယ်ချင်းစာတက်ပြီ
ဥသြရဲ့တေးသံလည်း နားလည်တက်ပြီကွယ်
သြော်.....အချစ် အချစ် အချစ်....

ရုတ်တရက် သူရော.....
ငါ့လိုဖြစ်နေမလား.....တွေးပူ
ထပ်တိုးလာတဲ့ ဒေတာတွေ သွေးတက်
နှလုံးပုံဖမ်းကားချပ်ထဲက အလွမ်းများ
ပြွတ်သိပ်ကြပ်လို့ error တက်နေ

...........ည.....ည......ည........
မိုးလင်းဖို့သာဆုတောင်း.....ရင်း....
ညကြီး ဆေးလိပ်တွေသာ ထိုင်လို့ဖွာနေတယ်

       လင်းဆက်ပိုင်


Posted via Blogaway

Comments