စိတ်​အချဉ်​​ပေါက်

စိတ်အချဉ်ပေါက်လို့ပြောကြည့်တာ
✖ ✖ ✖ ✖ ✖ ✖ ✔ ✖ ✖
အူထဲမှာမှတ်ဥာဏ်ရှိသလား
အဆီစားပြီးအသားမြိုချင်တယ်ဆိုတော့
ခင်ဗျာတို့မှတ်ဥာဏ်ဘာနဲ့တိုင်းလဲ
ဒီမေးခွန်အတွက်ကျွန်တော်ရူးနေတယ်သဘောထား
လူတိုင်းထင်မြင်ချက်ကိုယ်စီနဲ့
အခိုင်အမာယူဆချက်တွေအကုန်
ခလုပ်နိပ်ဆုံးဖြတ်နေတဲ့ တရာဥပဒေလား
ပြောပါ ပြောလိုက်စမ်းပါ
ဓာတ်ပုံတစ်ပုံထောင်ဆယ်နှစ်လား
ကျယ်ကျယ်ပြောစမ်းပါဟ
ဖိနပ်ငါးရံပျောက်တဲ့ကိစ္စ
ဆိုင်းဘုတ်တွေနဲ့ရင်ဖြဲဖြဲပြနေရတာရပ်ချင်ပြီ
ရင်ခွဲရုံနိုင်ငံတော်ကြီးလားဗျာ
တညီတညွှတ်ထဲတောင်းပန်ဖို့
ဟိုကိုအကြောင်းကြားပြီးပြီလား
မိဘပြည်သူများခင်ဗျာ
ကျွန်တော်နှာစေးနေပါတယ်
ဘာာာာာာ
ပိုးသတ်ဆေးဖျန်းထားတဲ့စကားလုံးတွေ
နားထား ရပ်ထား ညာထားတာတွေကြာပြီနော်
မတရားဘူးလို့မပြောဘူး
အမှန်တရားပဲရှာနေတာ
အတိတ်မေ့နေတဲ့ငှက်တစ်အုပ်လို
ဒင်းတို့ကလေ
ဟွန်းးး
ရိုက်ရင်းတန်းလန်းဇာတ်ကားပြောင်းချင်နေတာ
မင်းသားရော မင်သမီးရော လူကြမ်းရော
ခင်ဗျားတို့ပဲလား
ဒီဇာတ်ညွှန်းထဲမှာခင်ဗျာတို့မရှိရင်လေ
သိပ်ပျော်နေမှာ သန်း၆၀

            လင်းဆက်ပိုင်


Posted via Blogaway

Comments