#ယုန်လေး ....သို့ (၃)
လမင်းလေး ရေ
နင်ကိုဖမ်းချင်တာမဟုတ်
ဆန်ဖွတ်တဲ့အဖိုးအို နဘေးက
ယုန်းလေးကိုလေ ဖေးမကူညီချင်တာ
ခါးကုန်းတဲ့အဖိုးအိုလေ အီဘိုလာဖြစ်နေပြီတဲ့
ယုံလေးအထီးကျန်မှာပေါ့
ယုန်လေးရေ
အခုပဲ ခုန်ဆင်း ငါ့ရင်ဘတ်ကြီး
စီးခံကြိုဆို ထုတ်ချင်းပေါက် ချင် ပေါက်ပါစေ
အတူထိုင်ပြီးလေ ကြယ်လေးတွေအကြောင်း
ငါ့ကိုပြောပြလေ
မောင်ရင်ဆိုင်ထမ်းအကြောင်းပြောတော့
မျက်ရည်တွေရစ်ဝဲလို့
ယုန်လေး ရေ
တို့နှစ်ဦးကြားမှာရော လေညှင်းလေးတောင်
အ၀င်မခံနဲ့ကွယ်
ဓူဝံလေ မြောက်ဘက်ပဲသွားနေတာ
ခုနှစ်စဉ်ကြယ်ပေါ့ သူ့အနားမှာ
ငါကလဲနေကြာပါ ယုန်လေရှိရာ
မျက်မူနေတာဆိုတော
ယုန်လေးကရယ်တယ်လေ
မုန်လာဥ တဲ့
မဟုတ်တာ
ငါမုန်လာဥလုပ်ရင် အစားခံရမှာပေါ့
တစ်ယောက်တလဲ ကြည်စယ်လို့
ယုန်လေးရေ မိုးကောင်းကင်မှုန်မှုန်နဲ့
ငါရင်ခွင်ဝပ်ကျင် ဘယ်ဟာကပိုပြီးလေ
နွေးထွေလဲဆိုတော့
အကိုဝပ်ကျင်း ခပ်ကျဉ်းကျဉ်းလေးထဲ
ရူးရူးမိုက်မိုက်ခုန်ဆင်းခဲ့တာပဲလေတဲ့
ဖြစ်သမျှအကြောင်း အကောင်းပေါ့တဲ့
ဘယ်လောက်ရိုးစင်းလှသလဲ
သစ္စာတရားကို ကျစ်ကျစ်လျစ်လျစ်
ဆုပ်ကိုင် ထား...လို့
ယုန်လေးရေ
ယုံပါကွယ် စစ်မှန်တဲ့မေတ္တာတရားနဲ့
သန့်စင်တဲ့ အချစ်တွေ ယုန်လေးပျော်ရစေမယ်
ယုန်လေးရေ
ကိုယ့်မှာ အိပ်မက်တောမှာမိန်မော
ဆင်ခြင်တွေးတော ဆွေးမော...လို့
အတွေးစိတ်ကူးတွေလွှင့်တင်
ယုန်လေးကြားပါစေ..
ချောင်းခြား
မြှောင်းခြား
ရေခြားမြေခြားလည်း
ကြာပါစေကွယ်
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment