# တစ်နေ့နေ့
ကုန်ဆုံးသွားတဲ့ နေ့ရက်တွေတိုင်းမှာ အလွမ်းတွေရှိနေခဲ့တယ်။မြန်မြန်ကုန်လိုက်စမ်းပါ သူနဲ့နီးဖို့ သူအသက်ပြည့်ဖို့ လူကြီဖြစ်ဖို့အတွက် ခပ်သွက်သွက်လျှောက်လိုက်ပါ ပြက္ခဒိန် ရယ်။ ငါ့ကြီးရင်မှု့တွေ နုနယ်လို့မရတော့ ငါ့နောက်ဆုံးအချိန်မရောက်ခင်း စက္ကန်အလို့မှာ တွေ့ရလိမ်နိုးနဲ့ ငါ့တွန်ခေါက်မှု ဇရာကို ကျားကန်ဆွဲဖြန့်ရင်း...။
တနေ့နေ့ဆိုတာ တကယ်ရှိတဲ့အရာလား!!!ငါစောင့်နေမလိုပါ။သေသေချာချာ လှေနံဓားထစ် လိုက်ပါ့မယ်။
မပျော်ဘူးဆိုတာထက် ပို၍ ပို၍ မပျော်ပါခင်ဗျာ။နှစ်နှစ်ကာကာကို မပျော်ပိုက်ပါ။တော်ရာမှာချည့်နေရတာလည်း ငြီးငွေ့လှပါပြီ။တခါလောက် ခဏတာလေး ပစိကွေးစက္ကန့်စာလောက်ပဲ ပျော်ခွင့်ရရင်ဖြင့် ပျော်ချင်တာ။
ဘယ်သူပေးမှာလဲ ငါ့တောင်းတမှု့ !!!ငါ့တောင်ဆိုခွင့်က
ဘယ်သူလဲ!သူလား သူဆိုတာ သေချာပါလား?။သူကရော
ခွင့်ပြုပါ့မလားး?ခွင့်ပြုသင့်တဲ့ကိစ္စလားး?သူစဉ်းစားနေမယ်ထင်ပါတယ်။ထင်ယောင်မှု့အတွက် ထင်သာမြင်သာ မရှိသေးဘူး။လျှို့ဝှက်စွာ ဆိတ်ငြိမ်နေဆဲ...မျှော်လင့်ချက်တော့ရှိကောင်းပါရဲ့ အားတင်း အားတက်သရော သူ့အနားမှာ
ကပ်ရပ်ပြီး တောင်းဆိုကြည့်တဲ့အခါ....။
သူ အပြောက တိတိကျကျ ပါပဲ တနေ့နေ့တဲ့...
အဲ့ တနေ့နေ့ကို ပြက္ခဒိန် ထဲမှာ မှတ်ထားဖို့ ငါ လိုက်ရှာကြည့်တာ မတွေ့ဘူးကွာ။တိကျတဲ့ ချိန်ဆိုမှု့အတွက် ကျေးဇူးတင်ပါတယ်။စဉ်းငယ်မျှသော မျှော်လင့်ချက်ကလေး ရှိသေး၏။
ရှိနေ၏။ရှိနေသည်။ ရှိကိုရှိပါသည်လို့ အထပ်ထပ်ပြောတော့တာပဲ။
ယုံချင်ယုန် မယုန်ချင် မယုန်နဲ့....မုန်လာဥ စားပြီးပြောတဲ့စကားလား?ခြေင်္သ့ကြီးတောင် မှ ခံလိုက်ရတာ။
ငါ့ကိုရော နှာစေးလိုက်မလား။ ငါ့ အာငွေ့သံမှာ အချစ်စစ် ရနံ့ပါတယ်လေ။ သူသိမလား။ မသိဘူးလား။ပညာရှိတို့
စကားလုံးတွေက ပန်းပွင့်တယ် တခါတလေ သေပန်းပါပဲ။
ငါဘယ်လို ခရီးဆက်ရမယ်ဆိုတာ ကွန်ချက်ပြပါ။
ဟင်းစာမပေးနဲ့ ....ဒါမယ့် တနေ့နေ့ဆိုတာကြီးကိုတော့
စိတ်ကုန်နေပြီး။အဲလိုတိကျမှု့မျိုးဆို စိတ်လေတယ်။
ပြောလိုက်စမ်းပါကွယ့်။ ၁စက္ကန့်ကိုမိုင်ပေါင်းအလင်းနှစ်နဲ့လား။တစ်နှစ်ဆို ကုဋေသန်းပေါင်း၆၀ နီးလိုက်ပါ့မယ်။
တနေ့နေ့လေးရယ်။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment