Main Menu
Myanma Poem
30 October at 11:19 ·
More options
သူလို ငါလို ဧည့်ခန်း
ရေးသူ-မှူးနေ၀န်း
ပိတ်ချင်ယောင်ဆောင်ထားတဲ့ တံခါးရယ်
ဖွင့်ချင်ယောင်ဆောင်ထားတဲ့ ပြူတင်းပေါက်ရယ်
ဂန္တ၀င် ပန်းချီကားတစ်ချပ်ရယ်
ပန်းချီကားနောက်က ပိုးဟပ်နဲ့အိမ်မြောင် တိုက်ပွဲရယ်
အလှမွေးဖန်ငါးကန်ရယ်
အောက်ခြေမှာ ကပ်နေတဲ့ ရေညှိအချို့ရယ်
အချိန်တိကျတဲ့ မတ်တပ်နာရီကြီးရယ်
ဟိုဘက်ဒီဘက် ယိမ်းတတ်တဲ့ ချိန်သီးရယ်
နံရံအတွင်းက လေအေးပေးစက်ရယ်
နံရံအပြင်က ပူကျစ်နေတဲ့ သူ့ကျောကုန်းရယ်
တွဲလောင်းကျနေတဲ့ အလှမီးပန်းဆိုင်းရယ်
မျက်နှာကျက်ထဲမှာ မြှုပ်ထားတဲ့ ၀ါယာကြိုးအရှုပ်အထွေးတွေရယ်
ဓမ္မကျမ်းစာအုပ်ရယ် Playboy စာအုပ်ရယ်
အဲ့ဒီ့စာအုပ်ထဲမှာ ညှပ်ထားတဲ့
အလှူခံဖြတ်ပိုင်းနဲ့ သိမ်းယူရမယ့် အကြွေးစာရင်းရယ်
ပြီးတော့
မဟော်ဂနီစားပွဲပေါ်က ပန်းအိုးရယ်
စားပွဲအောက်က ချိန်ထားတဲ့ သေနတ်တစ်လက်ရယ်....။
မှူးနေ၀န်း
Posted via Blogaway
Comments
Post a Comment