တက်ကြွစွာလွမ်းဖို့
ငါ့မှာအားမရှိတော့ပြီ
မျှော်လင့်တဲ့ရက်စွဲတွေ
ဘယ်သူမီးလောင်တိုက်သွင်းတာလဲ
ငါတို့ဆုံးဖြတ်ပိုင်ခွင့်
ဘယ်သူတွေလာစီမံတာလဲ
ရေစုန်မျောဖို့တောင်မှပဲ
ချောင်းကောတွေသာတွေ့ရှိခဲ့
လေလွှင့်ဖို့ကြိုးစားတိုင်း
လေငြိမ်တယ်
အော်ဟစ်ဖို့ကြိုးစားတိုင်
ဘီလူးစီးသလို လည်ချောင်းထဲက
အသံမထွက်...
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment