ကျွန်တော်မသိခြင်းများ
✖ ✖ ✖ ✖ ✖ ✖ ✖
နှလုံးသား နဲ့ ခံစားတာလား
စိတ်နဲ့ ခံစားတာလား...
မသိခြင်း ဘာသာဗေဒနဲ့
ဒွိဟတွေချရေးလိုက်တယ်..
ဦးဏှောက် က လက်ခံခြင်းလက်မခံခြင်းများ
နှလုံးသား သိစိတ် မသိစိတ် အရာအားလုံး
သူ စိုးမိုးနေ
ယုံကြည်မှု့ ဟင်းလင်းပြင်ထဲက အစတချို့
ကွပ်လပ်အကျယ်ကြီးထဲမှာ
ဟန်ဆောင်းခြင်းများ....ရိတိတိ
နေရာလွတ်တွေရှိနေတဲ့ မှန်ကန်ခြင်းတရား
ဖွင့်ဟခြင်းများရဲ့ သက်ရောက်မှု့
လက်ခံခြင်းများရဲ့ အခြာတစ်ဘက်မှာ
မသိခြင်းတွေဟာ ဖြားထွက်နေလေရဲ့
ပဲ့တင်သံတိုင်းဟာ တိကျမှု့မရှိတဲ့တန်ပြန်မှု့
အောက်ခြေမှာ တစ်လက်မအလွဲဟာ
အချစ်ဒီဂရီမြင့်လေ တိမ်းစောင်းလေပဲ
အနှောင်းသေချာဖို့ အစကောင်းရမလား
ဒီရေဟာအတက်အကျရှိတယ်
အစဟာ အဆုံးမှာရှိနေခြင်းလား
အဆုံးဟာအစမှာ ရှိနေခြင်းလား
တွေခေါ်မှု့တိုင်းမှာ Side effect ရှိတယ်
အမှားအနည်းအများဟာ အချိန်နဲ့အမျှ
တဖြည်းဖြည်း ပေါ်လွင်လာတယ်
စိတ်ကို သုတေသနလုပ်တာ ရူးတာပဲ
ရူးတာကို အရူးတွေက ကုသပေးတယ်
ကဲ ရူးသွပ်တဲ့ ကမ္ဘာကြီး မှာ
အားလုံးဟာ ပုံစံကွဲတွေနဲ့ရူးသွပ်နေဆဲ
အခု ခင်ဗျား အရူးရေးတဲ့စာဖတ်ပြီး
အရူးကွန်မန့် ပေးတော့မယ်
....ဒါမယ့် အရူးထင်မှာစိုလို့ စိတ်ထဲကနေပေးလိုက်တယ်
ကျနော်ကို အရူးလို့လေ...။
ခန့်ပိုင်မှူး (စိတ်စေရာကို ဖ၀ါးထပ်လျှက်)
Posted via Blogaway
Comments
Post a Comment