ငါး
လင်းဆက်ပိုင်
ခုန်ဆင်းလိုက်ပြီးမှ ကူးခတ်ခွင့်မရတဲ့
ငါးတစ်ကောင်းရဲ့ ငရဲခန်း
ထောင်းလမောင်းထအောင်
စိတ်ကူးဘူးတဲ့ အနာဂတ်.. .
အာရုံဖောက်ပြားအောင်စိတ်ကူးယဉ်မှု့
မင်းခတ်လိုက်တဲ့ဘောင်ထဲမှာ
ငါက ပင်လယ်ထင်နေဆဲပဲ
အင်းနဲ့အားနဲ့ကူးခတ်လိုက်တိုင်း
နုံရံပဲဝင်ဆောင့်မိပေါ့
ပစ္စုန်ပ္ပန် အလွမ်းနံရံများ....
ဒီမှန်ပုံးလေးက ငါ့ကမ္ဘာပါ
အောက်ဆီဂျင်အစား အလွမ်းရနံ့ရှူရင်း
အရာရာ အကြောင်းကြောင်း မမှီမကမ်း
လှိုက်ဖို...
ငါ့အရိပ်ငါ့ကို လှန့်ခြောက်
သုံညဖြစ်နေတာတောင် ရိုက်ခွဲခံရသေး
ပင်လယ် ကို မမြင်ဘူးပဲ ပင်လယ်ကိုချစ်ခဲ့တာ
အမှန်အမှားဆိုတာ ဘယ်အချိန်က
စတင်ပေါ်ပေါက်ခဲ့တာလဲ?
ညညအိပ်မက်တွေကင်းစောင့်ရတာ မောပါ့
ငါးကလေးရဲ့ကူးခတ်မှု့မှာ
ရေတွေထမ်းထားရတယ်တဲ့
ကိုယ်ဖော့ထားလည်းစိတ်လေးတယ်
ငါးတွေက သွေးအေးတယ်ဆိုပဲ
ဘယ်သူပြောတာလဲ
ရွှေအိုရောင် မီးတောက်နဲ့ ဖျပ်ဖျပ်လူးငါးကလေး
မင်းပြောလိုက်တဲ့စကားလုံးဘောင်ထဲမှာ
ငါဆူးတောင်တွေကျိုးကြေနေပေါ့။
Posted via Blogaway
Comments
Post a Comment