ကျွန်တော်ရဲ့ တနင်္ဂနွေ
လင်းဆက်ပိုင်.......
နင့်နံဘေးနားက ခံတပ်အရိပ်ကလေးဟာ ငါပါ
ဝေးသွားပြီထင်အောင် လှည့်ထွက်ခဲ့တာပေါ့
ဝက်မှုန်ကူးခွင့်မရှိတဲ့ လိပ်ပြာငယ်နေသူပေါ့
ဝေးသွားပြီထင်အောင် လှည့်ထွက်ခြင်းရဲ့ အရင်
ရောက်ရှိနေတဲ့ စကားလုံးလေးက ကြာသာပတေးနံသင့်
ချွင်းချက်မရှိ လက်ခံ အသံမဲ့စကားတစ်ခွန်း မင်းပြန်ကြားပါစ
ဒီလို ငါ့ကိုယ်ငါ ကြက်ခြေခတ်ခဲ့လိုက်တယ်
ဝေးလွင့်ခြင်းရဲ့တိမ်ဟာ ဆွေတယ် ဖွဲဖွဲလေးပါပဲ
ငါ့ရင်ကိုမငြိမ်းတဲ့ မိုးစက်တချို့ နဲ့ ငါတုန်ရီ ၀င့်ဝင့်ဝါးလိုက်မယ်
နောက်....
စဉ်းစားသလိုလို ငါ ငိုင်နေလိုက်တော့တာပါပဲ
ကျွန်တော်ချစ်သော တနင်္ဂနွေမလေးရေ
ဟုတ်တယ် ငါ့ရာသီရပ်ဝန်းမှာတော့
တနင်္ဂနွေ တိုင်း မိုးခိုစရာ အသဲအသန်ရှာဖွေရတယ်
သွေးမစွန်းတဲ့ ဒဏ်ချက် ကုရခက်တယ်ဆိုတာ...
စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးရယ်...
ဟန်ဆောင်ခြင်းအတက်ပညာ ငါ သင်ယူထားပါမယ်
မျက်ဝန်းကိုမှိတ်လိုက်တိုင်း..ရင်ဘတ်မှာ အမှောင်တွေလင်းတယ်
အမှတ်တမဲ့တောင်မေ့ပြစ်ဖို့မကြိုးစားခဲ့ပါဘူး...ဆိုရင်
သူမ ရယ် တော့မယ်
ဟုတ်တယ် သေနေတဲ့အသဲက သူတံဆိပ်ကပ်လို့
ငါ့စိတ်ကလပ် ကို မီးလောင်တိုက်သွင်းပါ့ကွယ့်
ငါ့ တနင်္ဂနွေမလေးရေ ကောင်းကင်မှာ...
ကြတ္တိကာ ဖျောက်ဆိပ် ဖြူပြာလင်းနေပါပြီ
မိချောင်ကြယ် အမြီးထောင် ဓူဝံကြယ် တောင် ငိုနေပြီ
ငါ့လမ်းပျောက်မှု့အတွက် ...
သူလမ်းမပြနိုင်ခဲ့ခြင်းအတွက် အလင်းတွေမှိန်ဖျော့လိုက်တယ်...
ကဲ ဘယ်လောက်စာနာတက်သလဲ ကွယ်...
စဉ်းငယ်မျှသော စာနာစိတ် ရှိခဲ့ရင်ဖြင့်....
ငါတို့ တနင်္ဂနွေ လေး .....
လင်းလင်းကြီးဖွေးလက် အိပ်မက်တွေ အရောင်တောက်လိမ့်မယ်....ဆိုတာ
ငါမပြောဖြစ်ခဲ့တဲ့........အိပ်မက်အတွင်းထဲ့က စိတ်ကူးယဉ်မှု့လေးပါပဲ....
အခုတော့ရောင်နီသာချဉ်းနင်းဝင်ရောက်...
အိပ်မက်ပျောက်တဲ့ညလည်း အာရုဏ်ဆည်းဆားနဲ့
သွေးရူးသွေးတန်း နိုးထလိုက်ပါပြီ....အမုန်တယ်ပဲနိုးထခွင့်ရချင်ပါပြီကွယ်
Comments
Post a Comment