နုညံ့စွာ ဖတ်​ပါ

နုညံစွာဖတ်ကြည့်ပါ
♡ ♡ ♡ ♡ ♡ ♡
စကားလုံးတိုင်းရဲ့ ရည်ညွှန်းချက်
အစပ်ဆက်မဲ့စွာ ယှက်ဖောက်ထားတယ်
ခြားနားတဲ့ Space ကြားမှာ
အက္ခရာစဉ်တွေ အတွဲလိုက် ကွန်ချက်ပြတယ်

ကဗျာကို ခံစားဖို့ ရင်ခွင်ခြင်း တွဲချိတ်လိုက်
ဘာသာစကား အနက်ကောက် မြင်လိုက်လား
ရည်ရွယ်ချက်ဟာ ရည်ညွှန်းချက်ပဲ

ရုတ္တိဗေဒတွေ ဖောက်ထွက် စိတ်ခံစားမှု့သီးသန့်
ဖြစ်တည်မှု့ အရှိတရား ဆင့်ကဲပြောင်းလဲမှု့နဲ့
ရုန်းကြွ ခြယ်သထားတဲ့ ငါ့အတ္တ၀ါဒီတွေ
ထပ်တူထပ်မျှ ကျဖို့ မျှားခြင်းများသာ

ဒီအချစ်ကဗျာ အဆင့်မြင့်ရည်းစားစာပါ
မင်းဖတ်တဲ့အခါ ကိုယ်စိတ်နှစ်ပါး ကဗျာထဲကိုခုန်ဆင်း
ရွှေငါးနှစ်ကောင်း ကူးခတ်နေလိမ့်မယ်

အဲ့ဒါ.......ပဲ

မင်းမတွေ့ခဲ့ဘူးဆို......
ရွှေငါးလေး ရင်ကွဲပက်လက်......မျော
မင်းမမြင်သလိုနေပါ
ရေထဲမှာသေခွင့်ရတာပဲရွှေငါးလေးပျော်နေမှာပါ။

      လင်းဆက်ပိုင်


Posted via Blogaway

Comments