အကြင်​နာ​ဝေးခဲ့ကြသူများ

အကြင်နာဝေးခဲ့ကြသူများ
✖ ✖ ✖ ✖ ✖ ✖ ✖
အတွေးဝေဖြာ စိတ်လွင့်ပျံ့ဝဲ
ဝဠာခွင်လုံး တိုက်ပေါင်းတစ်သောင်း
လျှံလျှံ့ကျွပ်စီ ကြယ်စကားများ
မှုန်ဝါးဝေ့ရီ လင်းလက်ကြွားဝင့်
ဓူဝံကြပ်ရပ် မြောက်အရပ်၌
ကြတ္တိကာခေါ် ကြယ်ဖျောက်ဆိပ်လည်း
ကန်ရာသီမိုး လွတ်ငြိမ်းပြီမို့
အပြုံးမြိုင်မြိုင် လမ်းပြလျှက်ကွယ်
တန်ဆောင်တိုင်းမီး မီးရှူးမီးပန်း
ညရဲ့အလှ ကြည့်မြင်တိုင်း လှ
ထိုထို ကလေး ငြိမ်းချမ်းစွာနဲ့
ဆော့ခွင့်မရ မြေမြုပ်မိုင်းများ
နေရာတိုင်းလား  စိုးထိတ်လန့်စွာ
ထမင်းဆီဆမ်း ဘာလင်ပန်းလဲ
ဒီနယ်မြေမှာ အများသူငါ
လှူတန်သမျှသာ ပြန်လည်ဝေမျှ
အချိုးကျနဲ့ မ၀ရေစာ
သောက်ရည်ချို့တဲ့ ခန္ဓာကိုယ်လည်း
ချေးညှော်ထပ်လျှက် ရွက်ဖျင်းတဲထဲ
ရနံ့များက မူးဝေမှိုင်းမှိုင်း
စိတ်လက်ပေါ့ပါး မအိပ်စက်နိုင်ချာ
တဗောင်းဗောင်းနဲ့ မီးရှူးလင်းက
အသက်ချွေယူ အပြစ်မရှိ
သူလည်မသိ ငါလည်းမသိ
ဝါဒမှိုင်းအောက် လွှင့်တက်နေရ
မီးပုံပျံလို ကြိုဆွဲရာ က
ကိုယ့်ဘဝကိုယ် မသိလေလျော့
အသိဥာဏ်တုံး အဏာကုန်လုံး
သိမ်းယူချင်သူ လူတစ်စုကြောင့်
အမိဘမဲ့ ခြေပြတ်လက်ပြတ်
အညွှန့်ကျိုးငှက် ပျံဖို့ခက်ပြီ
အသင်းအဖွဲ့  အာဏာရှင်တို့
မသိ၏လော သိ၏လောဟု
ချိုးငှက်ကလေး မေးနေပုံက
ပြည့်သူများရဲ့ ကိုယ်စားပဲပေါ့
ငြိမ်းချမ်းရေးလေး ငြိမ်းချမ်းရေး ပေါ့
အားလုံးမျှော်လင့်....အားလုံးလိုချင်
.ရောင်နီလင်းသင့် မလင်းသင့်ဟု
တွေဝေခြင်းတို့ ခေါက်သိမ်းလိုက်ပါ
ဝပြောစည်ပင် ဆူဖြိုးသင့်ပြီ
ကမ္ဘာ့အလယ် မျက်နှာငယ်လှ
အရှက်တရား မရှိလျော့လား
ပြင်ဖို့သင့်၏ မသင့်၏သို့......


Posted via Blogaway

Comments