ကြည့်​ခဲ့ဖူးတဲ့

ကြည့်လိုက်မိတဲ့ ဇာတ်ကား
♥ ♥ ♥ ♥ ♥ ♥ ♥
ဖက်လှဲတကင်း ဘာသာဂေဟစနစ်နဲ့
လွတ်လပ်လင်းပွင့်တဲ့ စီးပွားရေး
လက်သိပ်ထိုးယဉ်ကျေးမှု့လို့ ခေါင်းစဉ်မတပ်ပါဘူး
တပ်ခွင့် ........မရ ...ရှိသေးလို့ပါ....

လွတ်လပ်တဲ့လူ့အဖွဲ့အစည်း....
ဒီမိုကရေစီ ကို ချီတက်နေတာ အချိန် ပျင်းပျင်း
ကိုယ်မှန်ရင် သူမှားတယ်အယူ အဆနဲ့
လှိုင်းတို မီလီမီတာ....ဘယ်လိုင်ကမှ ဖမ်းမမိဘူး

တံခါးဖွင့်ဝါဒမဟုတ်ပဲ ...
ပတ္တာပြုတ်ဝါဒနဲ့ ဟင်းလင်းဖွင့်လိုက်ပါပြီ
သံယံဇာတ ပြောင်လင်းခါနေမှဖြင့်....
အသံကောင်းကောင်း ဟစ်လိုက်တယ်
နတ္ထိတံခါးကြီး ဟန်နဲ့ပန်နဲ့ ....ဗလာအလင်းတောက်ပ

ဒီလိုပါ ဒီလိုကွာ..
ဒါကတော့ဖြင့်...
ဒီလိုပေါ့.....ဗျာ.....ငြိမ်း
ချမ်း
ရေး
ပျောက်ရှ
ပြန်ရှာ
ပြန်ကွေ့ ပြန်လှည့်
ရှေ့ဆက် မျက်နှာပိတ်စီးထားတဲ့....အမြင်နဲ့

မနေ့ညက ကြည့်လိုက်မိတဲ့ ဇာတ်ကားပါ။

လင်းဆက်ပိုင်


Posted via Blogaway

Comments