လင်းဆက်​ပိုင်

တိမ်ပြို ကဗျာ့သံဇဉ်
♥ ♡ ♥ ♡ ♥ ♡
ကဗျာတစ်တစ်ပုဒ်ရှိတယ်
ဘယ်ဘက်အခန်းထဲမှာ
အိပ်မက်တွေမေးခွန်းထုတ်တဲ့
ပရောဟိတ် လို ....။

အသံတစ်ခု...ဘယ်ကလာသလဲ
ကြယ်စုတန်းဆီကလား.
စကြာဝဠာကနေလာတာလား
အလင်းနှစ်ပျောက်တဲ့ ည
သက္ကရာဇ် ဘယ်သူဖြိုတာလဲ....။

မဟုတ်ဘူး ငါ့ အဇ္ဈတ္တက လာတဲ့အသံ
မျိုသိပ်ခြင်းတွေ တွန်းကန်ထွက်လာသံ
သိစိတ်ကို ဖုံး လျှံကျခြင်း ....။

သီချင်းတစ်ပုဒ်က
သူ့ကိုယ်သူ ပြန်နာထောင်ဖို့
သံဇဉ်ကန်း 1 7 1 3 2 5 4 3 1
အသမာတက်မှ အသံသာယာသတဲ့ ။

ရင်ဘတ်ကို ငုံ့အကြည့်
သီးချင်းတစ်ပုဒ်ဆိုတာ
ကုန်းကောက်စရာမရှိအောင်
သိပ့်ကိုသေးသွားတဲ့
သေတ္တာ တစ်လုံးပါ...။

ဟော့...မှာ
ဘောလ်ပင် စာရွတ်
ကြက်ခြေခတ် တွေ စိမ်း နီ ပြာ ၀ါ
မျက်ဝန်းမှသက်တံရောင်စဉ်ပါ
လှတယ် မေတ္တာလှရင် တိမ်ပြိုတာပဲ ။

လင်းဆက်ပိုင်


Posted via Blogaway

Comments