သို့ ......ယုန် ကလေး
♡ ♡ ♡ ♡ ♡ ♡ ♡
ကျွန်တော် သတိတရနဲ့ လွမ်းနေကြောင်း
တွန့်ခေါက်လွှာတွေ တားဆီး ၍ အခက်ကြုံရ
ကြည်နူးခြင်းများ အသံတစာစာ ကြေကွဲနေ
အတွေးဓာတ်ပျက် စကားလုံးတွေကြိမ်နှုန်းမြင့်
ဦးတည်ရာမဲ့ မျှောလွင့်နေတဲ့ သဏ္ဌာန်မဲ့ခြင်းများ
သာယာသံ မကြားရချေပြီတကား
တည်ငြိမ်ခြင်းများ တံလျှပ် တထောင်းထောင်းထ
အားတင်းထားရင်းက တမ်းတခြင်းများအာငယ်
ကယောင်ကတမ်းစကားစုတွေမျှော် ရှာ ဖွေ
မတွေ့ရ အရိပ်အယောင် အငွေ့အသက်လေးမျှ
ခြေရာမထင်ကွယ်ပျောက်နေပါတကား။
သယ်ယူပို့ဆောင်ရေး လေလှိုင်းကြား ဧရိယာပြင်ပ
တစ်ရွာတည်းမှာ ပဲကို တကမ္ဘာခြားနေရတဲ့အဖြစ်
စိတ်ရဲ့အော်ဟစ်သံ မောပမ်း ကွဲအက်နေတဲ့အသံများ
ဆေးမတိုးတဲ့ရောဂါ။
သြော် ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိတဲ့
လူသားနှစ်ဦး...။
ထပ်တူကျခြင်းရဲ့ စက္ကန့်တွေသာ
ဘယ်မှာ ဘယ်မှာ ဘယ်မှာလဲ
အခုစကားလုံး အဟောင်းတွေသာ
အလွမ်းပြေဖတ် အလွမ်းဆိပ် အထွဋ်အထိပ်
ငါပျော်ချင်ယောင်ဆောင်ထားတယ်လေ
လင်းဆက်ပိုင်
Posted via Blogaway
သုံး ခွင့် ပေး ပါ လို့ အရမ်း ကောင်း လို့ ပါ ဗျာ
ReplyDelete