ယုန်​​လေးသို့တမ်းချင်

ယုန်လေး.......သို့ (တမ်းချင်း)

ယုန်လေးရေ......
သတိရခြင်းတွေနဲ့ လွမ်းတယ်ကွယ်
ပြေးထွက်ခဲ့တာမှန်ပေးမယ့်ရုန်းလို့မရတဲ့စိတ်
ယုန်လေး ခြေရင်မှာ အစဉ်အမြဲ ကပ်လျက်ပေါ့
ကန်ထုတ်မပြစ်ပါနဲ့နော် ဒီစိတ်လေးနဲ့လေ
ဘဝကိုတည်ဆောက်ထားမိတာပါ
ညစဉ်ပေါ့ကွယ် ယုန်လေရှိရာစိတ်ကိုလွှင့်တင်လို့
အိပ်စက်ခြင်းတွေ မေ့နေခဲ့ရတာလည်းပျော်စရာ
တော်ရာဆိုတဲ့စကားတော့ ခါးတယ်ကွယ်
မပြောပါနဲ့နော် ...
ယုန်လေးရေ
ငါတို့တွေ အနာဂတ်အတွက်ဘာမဆိုဖြစ်နိုင်တယ်နော်
ကောင်းခြင်း ဆိုးခြင်းတွေ တွဲလက်ခိုင်ခိုင်နဲ့
ရဲရင့်ကြမယ်နော် သတ္တိတွေအပြည့်နဲ့
လမ်းကြမ်းကြမ်းတွေ ကန္တာရ တွေထဲချိုမြိန်ကြမယ်နော်
အချစ်တစ်ခုရဲ့အင်အား၊ တန်ခိုး၊ တို့ရဲ့၊ ယုံကြည်မှု့တွေ ပေါင်စပ်လို့ ....
ညနက်တွေဟာခဏပဲ အလင်းလာတာနဲ့လေ
ကိုယ်ယောင်ဖျောက် ထွက်ပြေးကြတာပဲလေ.နော်
ယုန်လေးရေ...
ယုန်လေးရ.....
ယုန်လေးရေ.. ...

ယုံကြည်ကြမယ်နော်..
အကိုတို့ရဲ့မျှော်လင့်ချက်တွေရှင်သန်ဖို့.....
အခု.....
နေကောင်းအောင်နေနော်....ယုန်လေး

လင်းဆက်ပိုင်
ယုန်လေးသို့(တမ်းချင်း ၂)
....................................
ယုန်လေးနဲ့ ဝေးကွာခြင်းဟာ ငါ့အတွက် ငရဲပဲ
ငါကလည်းရူးပါတယ် လမင်းထဲကယုန်မှလိုချင်တာ
ယုန်က မုန်လာဥကြိုက်တာ ပြသနာပဲ
ငါကအမှန်အကန်ကောင်လေ ကြံကြံဖန်မပြောတက်
ဘာမဆိုင်ညာမဆိုင်တွေးမိသေးပေါ့
အဘိုအိုနဲ့အဆင်ပြေပါ့မလာပျင်းနေမလားပေါ့
တစ်နေ့တစ်နေ့ မော့ကြည်ပြီပြုံးပြနေရတာလည်းအမော
ဘယ်တက်နိုင်မလဲဗျာ
ငါ့မှာ စိတ်ကူးရင်ဆန်တဲ့အိမ်မက်တချို့ရှိတယ်ဆိုတဲ့အကြောင်းပြောပြချင်ယုံပါ
ယုန်လေးရေ စုပ်တသပ်သပ် ရယ်မောလိုက်ပါ
အရူးကိုဂုဏ်ပြုတဲ့သဘောပေါ့
ချစ်ခြင်းမေတ္တာသစ္စာဆိုတာ လူပြောများသလောက် ဝေး၀ါးနေကြတာ ပဲ
ဒါမယ့်ငါက ယောင်ဝါပြီးချစ်တာမဟုတ်တာတော့
့သေချာပါတယ်
အမြဲတမ်းယုံကြည်ရာကိုစွဲစွဲမြဲမြဲလုပ်တက်တာကြောင့်ယုံကြည်ရာကိုပဲပြောခဲ့တာလေ
ဘဝမှာယုန်လေးရယ်လက်ဖက်ရည်ရယ်စာအုပ်တွေရယ် ရှိရင်အရာရာဟာပြည့်စုံတယ်
ဒါဟာထင်မြင်ချက်မဟုတ်ဘူးယုံကြည်ချက်ပါ
ရိုးရိုးသားသား ပြောတာ ရိုင်တယ်မထင်နဲ့ကွာ
အချစ်ဆိုတာ အတင်း ဖန်တီးလို့မှမရတာပဲ
အဲ့တော့ချစ်တယ်ဗျ ပြန်လည်ယုံကြည်စွာချစ်ပါလို့တောင်ဆိုမယ်ဗျာ
တူညီတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ငါ့ကိုယုံကြည်ပါလ်ို့မပြောခိုင်ဘူး
တောင်ခွင့်အရပဲဘောင်ထဲကတောင်ဆိုလိုက်တာ
ငြင်ဆန်းခွင့်ရှိပါတယ်
အဲ့အချိန်မှာငါဟာလည် အော်တိုမစ်တစ်စစ်စတမ်နဲ့သေဆုံးနိုင်တယ်ဆိုတာခြိမ်းခြောက်တာမဟုတ်ဘူးးး
နေ့ရက်တိုင်းဟာပြဿဒါး နက္ခတ် မှားနေသလိုအဖြစ်ဆိုးတွေမမျှော်လင့်ချင်ဘူးကွယ်
ဖြစ်နိုင်ရင်အနားကိုတိုး ပြီး တိုးတိုးလေး
ချစ်တယ်လို့ပြောပေးပါလားကွာ
လူနာအမဲခြောက်တောင်းသလိုဘိန်စားဆေးငတ်သလိုငါကအချစ်ကိုငတ်ကြီးကျနေတဲ့ကောင်ပေါ့ကွာ
မုန်တိုင်းစကားလုံးတွေနဲ့ အကြည့်စူးစူးတစ်ချက်ဟာရင်ခွင် အက်ဆစ်လောင်းသလိုပါပဲကွာ
မကြားချင်ဘူး မနာချင်ဘူး မမြင်ချင်ဘူး
အဆိုး ဆိုတဲ့ မြင်းကွင်း အသုံးအနှုန်တွေကို
စဉ်းငယ်မျှ မတွေကြုံလိုပါကွာ
ဒီတော့ မင်သဘော စောကြောလေ
တစ်ခုပဲ ပေးပါ
ငါလိုအပ်နေတာ
မင်းမြင်နိုင်မယ်ဆိုရင်လေ
မပြောပဲသိတဲ့အရာ မင်းမျက်ဝန်းမှာ
ငါတွေ့မိသလားပဲ
အဲ့ဒါ...
သေချာနေပြီ.....
အချစ်ဆိုတာပေါ့

လင်းဆက်ပိုင်


Posted via Blogaway

Comments