မိုနိုပိုလီ
............လင်းဆက်ပိုင်
ပျော်စရာကောင်းပါ့မလား..
ဒီကစားကွင်း မှာ ကြွေအံစာပစ်ဖို့
အရှုံး အနိုင်းအတွက် ကံစမ်းရမလား
စထွက်ကွက် ခုနှစ်ကွက်မြောက်က ပဟေဠိ
7 ကျအောင် ငါပစ်နိုင်တယ်
အပေါ်ဆုံး ကဒ်က ဂိုး တူ ဂျေး တဲ့
ဆောင်း နွေ မိုး အထပ်ထပ်
အံကြွေပစ်ကစား ရှုံးကြေးသင့်လိုက်ပါ့မယ်
ကစားကွင်းထဲ ရှိတဲ့ အရာအားလုံးမလိုချင်ပါ
ကံကြမ္မာ ကို အံစာပြစ် စိန်ခေါ်ချင်သူ
အောင်မြင်ခြင်းရနံ့နဲ့ ...ငါရှုံးပေးမယ်
ဘောဂဗေဒမျဉ်းကွေးအရ
မေတ္တာတရားခေါင်းပါးရင်
အကြင်နာတရား မျဉ်းကွေး ကျတယ်
အကြင်နာတရားခေါင်းပါးရင်
မေတ္တာတရားများ ထိုးတက်ပေးရတယ်
မျဉ်းကွေးတွေ...
မျဉ်းကွေးတွေ...
ဘောဂဗေဒမှာ မျဉ်းမှန်သမျှကွေးပေးရတယ်
Posted via Blogaway
Comments
Post a Comment