အရင်​တုန်းက

Main Menu
အိပ်မက်သစ် ကို တီထွင်သူ with Thuso Thawthu and 32 others
13 June at 13:46 ·
More options
အရင်က

အရင်ကပေါ့
ငါ့နဘေးမှာ
နံနက်ခင်းရဲ့အာရုဏ်ဦးလေးရှိခဲ့ဖူးတယ်
အရင်ကပေါ့
ငါ့နဘေးမှာ
စိန်ရောင်တောက်နေတဲ့
ကြယ်ပွင့်ကလေး
တဖျပ်ဖျပ်လက်ခဲ့ဖူးတယ်
အရင်ကပေါ့
ငါ့နဘေးမှာ
လတစ်စင်းသာခဲ့ဖူးတယ်
အရင်ကပေါ့
ငါ့နဘေးမှာ
ကာရံညီတဲ့ကဗျာတစ်ပုဒ်နဲ့
သံစဉ်ချိုချိုတွေရှိခဲ့ဘူးတယ်
ပြုံးရယ်နေတဲ့ပန်းချီကားတစ်ချပ်
ရှိခဲ့ဘူးတယ်
သာယာတဲ့ဆည်းလည်းသံလေး
ရှိခဲ့ဘူးတယ်
အရင်တုန်းက
ကျွန်တော့်နဘေးမှာ
ဘယ်တော့မှလမ်းမခွဲကြေးလို
ခဏခဏပြောတက်တဲ့ သာလိကာလေး
ရှိခဲ့ဖူးတယ်
အရင်တုန်းက
အရင်တုန်းက
အရင်တုန်းက
လင်းဆက်ပိုင်


Posted via Blogaway

Comments