လမ်းဟောင်း
♡ ♡ ♡ ♡
ထုံးတမ်းဓလေ့ကိုဖောက်ဖျက်
အစဉ်အလာများစွာဖီဆန်
ဦးနှောက်ရဲ့တွက်ချက်မှု့
လား ရာ အ စွန်း ဘက်
ငါ ကခြေထောက်မရှိတဲ့ခရီးသွား
ကိုယ်တိုင်ဖောက်မယ်အစား
အာဒံဧဝတို့ခြေထောက်တွေကိုဖမ်း
လမ်းဟောက်းလျှောက်ချင်နေတဲ့ကောင်ပေါ့
နိစ္စဓူဝသက်ပြင်းတွေနဲ့
အငွေ့ပြန်နေတဲ့နေ့ရက်တွေအတွက်
ငါ့နံရိုးများနဲ့အလှဆင်
တက့်တယ်ခြင်းအတိမ်အနက်
ဖြန့်ချ ပြခင်း အသက်ငွေ့ငွေ့များသာ
အချစ်မုန်တိုင်းတိုတို
အလွမ်းကမ်းရိုးတမ်းရှည်လျား
နေ့နေ့ ည ည
ဘီယာတွေလွမ်းနာကျ
ဖြူဖပ် ဖျော့တော့တော့
စိတ်ဓာတ်ကျတွေးခေါ်မှု့
ကံကြမ္မာ ချပ်ဝတ်တန်ဆာအပြည့်နဲ့
ကစဥ့်ကလျားပုန်းရှေင်သွားတဲ့နောက်စကားတစ်ခွန်းနဲ့အဆုံးသတ်
ဆုံဖြတ်ချက်မှားတာ
လမ်းအိုဟောင်းလေးခင်တွယ်မိတဲ့ငါပါ။
လင်းဆက်ပိုင်
၂၇.၆.၂၀၁၄
၉း၀၀နံနက်
ု
Posted via Blogaway
Comments
Post a Comment