ကျ​နော်​ကမ္ဘာ

အိပ်မက်သစ် ကို တီထွင်သူ
19 October at 11:03 ·
More options
ကျွန်တော့ ကမ္ဘာ အဲ့သလိုမျိုး
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
သူဘယ်လို ငြင်းမလဲစောင့်နေတာ
ယဉ်ကျေးတဲ့အပြုံးနဲ့ နှုတ်ဆက်
ငါ အရိုးရော အရင်းပါ ကုန်ရော

ပုံပြောကောင်းတယ်ဆိုလည်း
မသေယုံတမယ် နှစ်သက်မိတာပဲ
မာန်တွေထန်တွေ ပြိုဆင်း သွားပြီ

စိတ်ကူးအိမ်လေးဆီသို့...
အိပ်မက်သစ်တီထွင်ဖို့ သွားပြီ
စရွေးကိုက်ကို အရောက်သွားပြီး
ဆွေးမြေ့မသွားခင် အထိ သွားပြီ

ကမ္ဘာတစ်ခု ကောက်ရပြီ
လိမ်ပြာတွေ ပန်းခင်းတွေ
နေရောင်ခြည်တွေ ....
မသိုးထမင်မသိုးဟင်းတွေ တည်ခင်း

ဟုတ်ကဲ့ လက်စုံစားဖို့ ...
ကမ္ဘာတစ်ပတ်စောင့်...ပြီးရင်
အလင်းနှစ်တစ်လက်မ စောင့်
ပြီးရင် ပြီးရင်း ပြီးရင်....
နာရီချိန်သီး လွှဲနေပုံ.......။

လင်းဆက်ပိုင်


Posted via Blogaway

Comments