ဘ၀ရဲ့အငံဓာတ်

ဘဝရဲ့အငံဓာတ်
♥ ♥ ♥ ♥
ငါ့စိတ်ကူးရဲ့လားရာအဝေး
တဂျုံးဂျုံး တ၀ုန်းဝုန်း ခုတ်မောင်း
နင်သာသွားလမ်းသာလို့လာလမ်းဖြောင့်ပစေ
ငါကဇလီဖားတုံးကြီး
ဝေးချင်သလောက်ဝေး
ဆွေးချင်သလောက်ဆွေး
သက်ပြင်းမျက်ရည်တွေထဲ
စုံစုံနစ် ဇလီဖားတုံး
ဘူတာလည်းအိုလို့
ဥသြသံချိုအပျိုဖြန်းမလေးကိုမျှော်လို့
ပလက်ဖောင်းရှေ့ ငူငူကြီးလေ
နှစ်တွေကျက်မှတ်လို့မကုန်နိုင်ချာသေး
ဒီလို့နဲ့ပေါ့
တစ်ဦးထဲ ကဗျာတွေ ရွတ်အန်ချ
သောကပန်းရုံတွေ တစ်ရုံ နှစ်ရုံ
ဝန်းကျင်ပတ်ကုန်း
အောက်သိုးသိုး ညီစီစီ
ဘယ်တော့ ဘယ်သူ လာရိုတ်သိမ်းမလဲ
မမေးတော့ဘူး
လမ်းလွှဲမှရထားတွေတစ်စင်းပြီတစ်စင်း
ခုတ်မောင်းနေကြပေါ့
ဟောာာာာ
သူဆိုက်ကပ်လာပါပြီ
နင် ၀ လာတယ်နော်
အင်းး
မောင်ချက်ကြီးလိုပြောရရင်
ငါနွားမဟုတ်ဘူး
ဥသြအပျိုဖြန်းမလေးရေ
အော် ခက်လှချည့်ရဲ့ အမိုက်မ
ရင်တမမစောင့်ခဲ့ရတာ
အခုတော့.....

             လင်းဆက်ပိုင်


Posted via Blogaway

Comments