ဖရိုဖရဲ့ကဗျာ

ဖရိုဖရဲကဗျာ
♬ ♬ ♬ ♬ ♬
ပြေပြေပြစ်ပြစ်ပါပဲ
မျက်ဝန်းအိမ်မှာငွေ့ ရည်ဖွဲ
မည်းမည်းသဲသဲရွာချ

သူ့ စကားလုံးများကောက်ညှင်းထုပ်လို
အစေးမကပ်တော့
လက်ပေါက်မကပ်သောအမုန်းများလား?
အလင်္ကာချော်နေသောအက္ခရာသစ်
ငါ့နှလုံးသားမှာထုဆစ်
အစစ်အမှန်ခံစာချက်စစ်စစ်များ
မြင်နိုင်စွမ်းကအမှောင်ထဲမှာ
ချန်ရစ်  ကျန်ရစ် ခဲ့ရ

အလှတရားဟာကြည့်သူမျက်ဝန်းမှာ
ရှိခဲ့မယ်ဆိုရင်
မျက်ကန်းနေသောအကြည့်များနဲ့
အချစ်ကသူ့မျက်ဝန်းမှာတိမ်ဖုံး
ခေတ္တလမ်းပိတ်ထားပါသည်ဆို့တော့

မျက်ဝန်းဖွဲ့ ကဗျာတွေသေဆုံး
စကားလုံးများအလွဲလွဲအမှားမှား
ပြင်းပြင်းထန်ထန်စကားလုံးများ
ရူးသွပ်နေသောပိုလီယိုလို
သွပ်ချာပါဒ ထပ်စွဲနေသော
စကားလုံးအထစ်အထစ်တွေနဲ့
ချောချောမောမောနှုတ်ဆက်လိုက်တယ်
လောကဓံခရီးချီတက်ရင်းပေါ့ဗျာ

              လင်းဆက်ပိုင်


Posted via Blogaway

Comments