ဘာမှမ​သေချာပဲ

ဘာမှမသေချာပဲ
ဘယ်ဝါကျမှချမရေးဘူး
မျှော်လင့်တောင်းတချက်များ
သွပ်ချာပါဒစွဲ
ပိုလီယိုလိုကဗျာတွေနန့်ကြောဆွဲ
ကဗျာတွေချည့်နဲ့နဲ့
လမ်းမပေါ်ဥဒဟိုလျှောက်နေတယ်။

နစ်မြုပ်နေတဲ့စိတ်သဏ္ဍန်မှာ
မျှော်လင့်ချက်ခပ်ပါးပါးတော့ရှိတယ်
မေတ္တာ တရား အတိမ်အနက်အကြောင်း
သူလိုငါလိုနေ့စဉ်ဖြတ်ကျော်ရတာ
အခူးချွန်ဆုံးမိုက်မဲနေတုန်း
ရူးသွပ်စွာဆာလောင်မွတ်သိပ်ခြင်းများ
သာမာန်ဖြစ်စဉ်လို
ပေါ့ ကော့ ပါးပါး ပါပဲ။

ဝင်္ကပါထဲရောက်နေသလို
သူ့အချစ်ရပ်ဝန်းထဲတ၀ဲလည်လည်
မတူညီတဲ့အယူအဆနဲ့
အရေထူလာတဲ့နှလုံးသား
အေးစက်စက်ကော်ဖီတစ်ခွက်လို
ခါးသက်သက်လေး
စိမ့်သွားတာပဲ ။

အိပ်မက်ကနိုးထချင်တယ်
မျှော်လင့်ခြင်းရောင်ခြည်
ဘယ်အရပ်ဒေသမှာ
လင်းလက်နေလဲ
မသိချင်တော့တာ
ငါ့နောက်ကျောမှာသာတဲ့လ
တံစက်မြိတ်ကလရိပ်မှာ
ငါ့အချစ်များမြင့်မြတ်နေလေရဲ့။

ဟုတ်ကဲ့
တံခါးပိတ်လိုက်ပါ
အရာရာ နားလည်လာမယ်
အယူဝါဒတွေထမ်းပိုးမထားနဲ့
မွေးရာပါ နှလုံးသားဒီတိုင်းထား
နွေမိုးဆောင်းရာသီတွေထဲ
တက်ဝက်တပြတ်ပြိုကျနေတဲ့လူအလား
ရှည်လျားတဲ့မနက်ဖြန်များ
မရှိခြင်းပင်လယ်ထဲမှာ
ငါ့ကိုယ်ငါ့လိုက်ရှာနေရ။

ရှင်သန်းခြင်းခဏတာ
အသက်ကဋေကဋာမနေရ
အလွမ်းကဋေကဋာကြုံရ
အော် ဘဝဘဝ။

ကိုယ့်အရောင်နဲ့ကိုယ်ပြန်မှောင်နေတာလား
နွေထွေးမှု့အပြည့်နဲ့မနက်ခင်းတွေ
ဘယ်မှာပွင့်နေလဲ
မသေချာမှု့တွေညို့ယူခံရသလို
ညတွေသောက်သုံးဖို့
တဖြည်းဖြည်း ခါးလားတယ်

        လင်းဆက်ပိုင်

Comments