သစ္စာဆိုခြင်း

သစ္စာဆိုခြင်း
♪ ♪ ♪ ♪ ♪ ♪ ♪ ♪
အခုရက်ပိုင်း စိတ်တွေ
အတက်အဆင်းလှေကား(ခါး)ထစ်
ကျိုးကျလိုက် ၀ရိန်ဆော်လိုက်နဲ့

အမာရွတ်တွေပွစိတက်
အချိန်မှီယုံလေ ကုသနိုင်ခဲ့တယ်
စိတ်၏ အရှင်သခင်မရဲ့အပြုံးတစ်ချက်နဲ့

ရဲရဲဝံ့ဝံ့ ပဲ သေလိုက်ခါမှ
ရှင်ပြန်ထမြောက်လာရတယ်
ကယ်တင်ရှင် နတ်ဘုရားမလေးကြောင့်

ကျေးဇူးပါ
ငါ့ရဲ့ရှင်သန်ခြင်းများအားပေးသနာတော်မူးသော
ကျွန်တော် သစ္စာအတိပြီသော ချစ်ခြင်းကို
အသက်ဆက်စေသူလေး

ဘဝတစ်ခုလုံး ကျိုးနွံစွာ သင့်အား
လိုအင်ဟူသမျှဖြည့်စည်းပေးပါတော့မည်
ချစ်လှစွာသော
နတ်ဘုရားမလေရေ

စိတ်အစဉ် နာခံလျှက်
လင်းဆက်ပိုင်


Posted via Blogaway

Comments