♥ ♥ ♥

ရွေ့နေတဲ့အဓိပ္ပါယ်
➳ ➳ ➳ ➳ ➳ ➳
ဘဝကိုတံစို့ထိုးမီးကင်လိုက်
ဘီယာရှိတယ် ခေါင်ရည်ရှိတယ်
ဟုတ်ကဲ့ ကျွန်တော် ကျစိမ့်ကြိုက်တယ်
ကြယ်နီနဲ့ပဲဘဝကိုကင်နေကြဗျ
လှေနံဓားထစ်မပြောနဲ့လေ
လ္ဖက်ရည် ကြယ်နီ ဘဝ
တံစို့မှာသီလိုက်ရင်းမီးကင်ထားတဲ့ကဗျာတွေ
တကိုယ်လုံးပွစိတက်လို့(ဘရမ်းဘတာ)့
စကားလုံးတွေ အသံထွက်တယ် အော်တယ်
ခံစားမှု့တွေ နာကြည်းမှု့တွေ တိုက်ဆိုင်မှု့တွေ
နေရာဒေသတွေ အကုန်မီးကင်လိုက် ပြီးရင်
နှလုံးသားကတော့ကင်ဆာ ဓာတ်ကင်လိုက်
အခုလောလောဆယ် ဘဝက
တိမ်လိပ်တိမ်ဆိုင်မည်းမည်းကြီးတွေအုပ်မိုး
လမ်းကောက်လမ်းကွေးလမ်းဆွေး
လမ်းအိုလမ်းဟောင်းလမ်းပျက်
မြို့ ပျက် ရိုးပျက်ဆွေမျိုးပျက်နေတဲ့ကောင်ပါဟ
ညှော်နံနည်းနည်းထွက်တယ်
လေထုညစ်ညမ်းအချစ်အပုပ်နံတွေ
ထောင်းလမောင်းထဘဝင်မကျစရာအကြောင်းမရှိ
မိမိအပြစ်မိမိခံ မိမိစံပေါ့ဒုက္ခနွံထဲမှာ
ရုန်လေနစ်လေ ၊ နစ်လေရုန်းလေ
ကိလေသာထဲအာရုံပြုပုံ
အမျိုးမျိုးခြိမ်းခြောက်
ကြောက်ကြောက်ကြောက်လာတဲ့
နောက်
ဘဝကိုဘုရားလှူလိုက်တယ်

          လင်းဆက်ပိုင်


Posted via Blogaway

Comments