ကလေးစကား ယုံကြည်သင့်၏ မသင်၏
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ကိုယ့်ရဲ့ မှတ်ကျောက်ကလေးရေ
မင်းလက်မှာ ငါဟာ ရွှေဖြစ်ခွင့်ရှိပါသလား
မဆွေးနွေးဖြစ်တဲ့ စကားလေးတစ်ခွန်းတော့ရှိနေလေရဲ့
တူတူတန်တန် မင်းအဖတ်လုပ်မယ့်နေ့ ဟာ ဘယ်မှာလဲ
စည်း ၀ါး ကိုက်မယ့် အသက်ရှူုသံလေး
အဓွန်ရှည့်တည်စေဖို့ နံက်နက်ဖြန်တိုင်းကျရောက်လာမယ့်
ကပ်ဆိုးတွေ .....ကံကြမ္မာ ရဲ့ အာငွေ့မှုတ်သံတွေ
ငါ့သက်ပြင်း လေးတွဲမှု့အကြောင်း ....များ
စိုးစီးမျှ မပြောဖြစ်ခဲ့ဘူး ဆိုပါတော့ ကလေးရေ
ငါထမ်းပိုးထားတဲ့ သတိတရအလွမ်းနဲ့ ပြက္ခဒိန်တွေ
မီးတောက်မီးလျှံ လှပစွာယိမ်းက အိပ်မက်သေနေ့ရက်များ
မသေချာတဲ့ဆုံမှတ် စိတ်လက်ကျန်းမာဖို့ အတွက်
ဝိပဿနာ နဲ့ အာပတ်ဖြေနေပါတယ် ကလေးရေ
ကိုယ်ဘဝကို ကိုယ်တိုင် စီမံခွင့်မရှိသူပါ ကလေးရေ
ရှိပါစေတော့ စုံလုံးကန်း ပြီး ၀ အပ်လိုက် ပြီးပြီပဲ
ကန်းသူတစ်ယောက်ရဲ့ ရာဇ၀င် မရိုင်းအောင်သာ
ကြိုးစာဖြူစင်ရင်း ငြင်းဆန်းမှု့မှန်သမျှ
ချွင်းချက်မရှိ .....အကြွင်းမဲ့ပါ ကလေးရေ
စကားလုံးကျောက်မောင်းတွေ ငါကြောက်တယ်ကွယ်
မျှော်လင့်ခြင်းအနည်းငယ်စွတ်စိုတဲ့ အပြောနဲ့
ကလူမကျည်ဆယ်ပါနဲ့....
ရင်ကိုဆုတ်ဖြဲနေတဲ့ အနာဂတ် တွေ
ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေဘူး ကလေးရေ
ငါ့ရင်ခွင်ထဲ မလာနိုင်ပဲ ....
ဒီနိုင်ငံကို ပြန်မလာနိုင်ပဲ ...
အရာအားလုံး ကို စွန့်လွတ်ဆန့်ကျင်နိုင်စွမ်းမရှိပါပဲ
ခြံစည်းရိုးကပ်လျှက် ဝေးနေရတဲ့ ငါ့အား
စာနာသောအားဖြင့်
*ကိုကိုဆီ ရောက်အောင်လာခဲ့ပါ့မယ်လို့ *
နောက်အကြိမ် အိပ်မက် မပေးပါနဲ့ ကလေးရေ
ငါ အပျော်လွန်ပြီး....နှလုံးရပ် အသက်ရှူရပ်တန့်သွားလိမ့်မယ်
အပြာရောင်နှလုံးသားရင်ခွင်မှာ ကြမ္မာငင်ခြင်းကင်းစေသား
လင်းဆက်ပိုင်
Comments
Post a Comment