ကစဥ့်ကလျားအိပ်မက်
♥ ♥ ♥ ♥ ♥ ♥
အစ္စရေးကမ်းခြေလှနေသလို
ငနဲ့ရင်ဘတ်ကြီးလှနေတာ
မနက်ဖြန်အကြောင်းဘယ်လိုတွေရ ပါ့
မိုက်မဲလှတဲ့ဒီငနဲ့ မိန်မတစ်ယောက်ထဲကို
တမ်းတ နေသတဲ့ ရူးပါ့
ဒီငနဲ့နားလည်မှု့နဲ့တည်ဆောက်ခဲ့တာရူးတာပဲ
ကဗျာတွေနဲ့လျှောက်ပြန်သံပေး
အသဲနှလုံးယောင်ရမ်း
ဒီငနဲက က နေတာ က နေတာ
ဂန္ထ၀င် အကပါ ဒါမယ့်လေ ရုပ်သေးအကကြီး
ခင်ဗျာတို့ လက်ခုပ်တီးတာဘယ်သူ့အတွက်လဲ
ပျော်ရဲ့လားလို့မိမိကိုမိမိပြန်မမေးကြေး
ဒီငနဲက ဓာတ်ခဲမရှိတဲ့ရေဒီယို
ဘာသံမှမထွက်ခဲ့ဘူး
ဒီငနဲ့ခေါင်းထဲဘာမှမရှိ
အဲ့
ဗောက်ထနေတာ ကလီးယားနဲ့လျှော်ခဲ့တယ်
အတိတ်အနာဂတ်ကိုရောကြိတ်ပြီး
ပစ္စပ္ပုန်ကိုမော့အသောက်မှာမာနတွေကျကွဲ
တကိုရေတကာရ တကူးတကကိုပြာချပြစ်လိုက်
ဘဝကို ရီဆိုက်ကယ် ပြန်လုပ်လို့ရသလား
ဘဝအပြဲအပေါက်တွေဖာထေးဖို့
ပိန်လိန်နေတဲ့အိပ်မက်တွေက ဟားတိုက်ရယ်မော
ရုတ်တရက်နာကျင်စူးရှ
ရုတ်တရက်ဝေဒနာနိုးထ
ပျိုမြစ်ခြင်းတွေတအိအိပြိုကျခွေလဲပြန် ထ
ကောင်းကင်အဖုံးဖွင့်လို့ရသလား
ရုတ်တရက်အိပ်မက်ကနိုးထ
ရင်မောစရာအိပ်မက်တွေအတွက်
ဒီငနဲ့ ရေအေးအေးသောက်နေရတယ်ဗျ။
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment