@@@အရောင်မဲ့ နေ့စွဲ များ
လင်းဆက်ပိုင်
@ဝေးဝေးကလမ်းကို မျှော်ရင်း
စိတ်တွေ မိုးတိုးမတ်တတ် နဲ့
ညွှတ်ကျရိနွမ်းချင်တဲ့ အာရုံပမ်းမှု့
အပြုံးတစ်ပွင့်မြင်ယောင် လင်းရင်း
ငါတို့တွေ လမ်းမဟုတ်တဲ့လမ်းမမှာ
အိပ်မက်တွေလမ်းခင်းထားရင်း...
စိန်စီသောလမ်း အိပ်မက်များနဲ့ လန်းထားတယ်...
အသေးမျှင်ဆုံးသော မျှော်လင့်ချက်ခပ်ပါးပါးနဲ့
မိုင်များစွာ ဝေးကွာခြင်းတွေကြားက..သူကလေးရေ
အချိန်ရှိသ၍သတိရနေပါကြောင်းမပြောချင်တော့ပါ ...
ရင်တွင်းခံစားမှု့အား စကားလုံးများ ဖော်ပြနိုင်စွမ်းမရှိတော့ပြီတကား...
ထပ်တူညီစွာ လွမ်းနေမယ်ဆိုတာ ကိုယ်ချင်စာမိတော့ပိုနာကျင်ရပြီ သူကလေးရေ...
ကိုယ်တို့ရဲ့ကံ ကိုယ်တို့တွေ စီမံခန့်ခွဲခွင့်က ဘယ်နေ့လဲ...
ဒီလိုတွေးမိတိုင်းပေါ့...။
@အလွမ်းတွေ အာပါတ်ဖြေဖို့
အမှတ်တရတချို့နဲ့ အာသာဖြေ
ဒြပ်စင်ဒြပ်သား အချစ်များများ
နှလုံးသွေးများ သန့်စင်ထားကြောင်း
နှစ်ဦးသားရင်ခွင် နားလည်းရင်ပင်
တချိန်ချိန်မှာ ချစ်ပွဲဝင်ဖို့ .....
စိတ်လက် ရှည်ရှည်လှန်ထားရတယ်ကွယ်..
အမှတ်တရတွေထုတ်ကြည့် အာသာဖြေအတွေးများနဲ့ အားတင်းရင်း သက္ကရာဇ် တွေ ရွေ့လိုက်ချင်တယ်...
ကမ္ဘာလှည့်ပတ်နှုန်းမြန်နှုန်းမြင့်လို့ရရင်ကောင်းသာနော်...
သူကလေးရေ ကိုယ်စိတ်ကူးများ ဒြပ်မဲ့နေရပြီကွယ်...စိတ်ကိုမတ်မတ်ရပ် မျော်ကြည့်ရင်း ၊ဒူးညွှတ်မကျအောင် မေးကြောကြီးတင်း
အံကြိတ်ရင်း ၊ကံကြမ္မာနဲ့ စစ်ခင်းရတာ မောတော့မောတယ်...
ဒါပေမယ့် သူကလေးအပြုံး
အတွေးမှာလင်းထားလိုက်ရင်း စိတ်ဓာတ်များမြင့်တင်ထားရတယ်...
@အလွမ်းတွေနေ့စဉ်ရက်
သံပတ်ပေးထားတာဘယ်သူလဲ
ငါငြင်ဆန်ဖို့ မေ့လျော့ခြင်းနဲ့
သူကလေးဟာ အားဆေးတစ်လုံးလို
အလွမ်းမရှိတော့တဲ့နေ့ သေသွားနိုင်သလိုမျိုး
မလှုပ်မယှက် အလွမ်းတွေဇိမ်နဲ့မှိန်းနေမိတယ်
သူကလေးရေ....
ကျွန်ပ်ရဲ့ချစ်လှစွာသော ရန်သူတော်ကြီးကံကြမ္မာရေ...ငါ သံပတ်ပေးထားတဲ့ အလွမ်းတွေနဲ့ နိုးထတိုင်းပေါ့...
မထခင်ပြင်းကြောဆွဲသလိုမျိုး အလွမ်းနဲ့ပျင်းကြောဆွဲရင်း ဇိမ်ရစ်မူးလိုက်တယ်..
ပြီးမှ ကိုယ်လက်သန့်စင် လ္ဖက်ရည် တစ်ခွက်နဲ့
အလွမ်းကိုမြည်းလိုက်တယ်။
သတိရခြင်းဆေးလိမ်ဟာ မီးခိုးတွေအူးတက်ရင်း သူကလေးအနားမှာ စိတ်ရဲ့အရိပ်လေးအဖြစ် ၀ပ်တွားလို့ခစား အားရုံနံနက်ခင်းလေးလှနေကြောင်း သံတော်ဦးတင် လိုက်တယ်။သူကလေးရေ သာယာပျော်ရွှင်သောနေ့ကလေးပါကွယ့်...အလွမ်းနဲ့ပျော်ရွှင်စွာ ဘဝလရီးချီတက်ရင်းပေါ့ တနေ့နေ့ဆိုတဲ့ နေ့စွဲလေးမရောက်မချင်း အလွမ်းဟာအားဆေးလို့ဖတ်တွယ် ဆုံမှတ်ရောက်အောင်လျှောက်နေမိတော့တယ် သူကလေးရေ။
Posted via Blogaway
Comments
Post a Comment