စေးပိုင်စွာ ရွတ်ပွားလိုက်တဲ့ အတ္တ
♥ ♥ ♥ ♥ ♥ ♥ ♥
စေးစေးပိုင်ပိုင်ကြီးကို ပြောလိုက်ပါရစေ
အတ္တစိတ်ကြီးမြတ်လွန်းတဲ့.. .
အချစ်ဝိညာဉ်တော်ပါ
ဒုက္ခလို့ နမ်းစားတပ်ပြီး ညည်းတွား ခွင့်ရှိပါတယ် ။
ဟော့ဒီ့ ရင်ဘတ်ထဲမှာ ညီမလေးအတွက်
ငါစု့ဆောင်းထားတဲ့စပယ်ဖွေးဖွေးတွေ
အာရုံဏ်ဦးရောင်နီတွေ ....
ကိုယ်ပိုင်သေင်္ကတ အလွမ်းထဲက သူ့အပြုံးချိုချိုတွေ
စိတ်ကူးနဲ့ချုပ်လုပ်ထားတဲ့ ကြိယာခြေလှမ်းတွေ ။
ပြီးပြည့်စုံခြင်းဆိုတဲ့...ခက်ဆစ်အဖွင့်ဆိုတာ
ဘာမှမလိုတဲ့ စိတ်နှလုံးအဟုန်
စကားဗေဒတွေလည်း ဇောမကပ်တော့ပဲ
ကြည်လင်စွာ အေးမြစိန်းရွှင်နေတဲ့ ဗေဒနဲ့
ရင်တမြုံလုံးပေးအပ်လိုက်ခဲ့ပြီးပြီဆိုရင်
အဲ့သလိုသာ
လူဖြစ်ခွင့်ကို သေးသိမ်လိုက်ယုံပါပဲ။
အချစ်ရေ ကမ္ဘာမကျော်တဲ့
ငါ့မျှော်လင့်ချက် ကားစင်(မျှော်စင်)
ဖြစ်လင့်ကစား မင်းအေးမြစေမယ်ကွယ်
ခံစားမှု့ဖြစ်စဉ်တွေရဲ့ဘောင် အတ္တနောမတိအလွန်
စိတ်ပြူတင်းပေါက် ဖွင့် လင်းပစ်လိုက်ယုံပေါ့
အဖန်တလဲလဲ ရွတ်ပွားလိုက်မယ် အပူအအေးငြိမ်းစေပေါ့။
လင်းဆက်ပိုင်
Comments
Post a Comment