**********အိပ်ပျက်ညတွေအသင်္ချေ*************
တိတ်စဆိတ် အိပ်ပျက်ညတွေ
ဘယ့်သူမှာတာဝန်ရှိလဲ
ညနက်ကြီးရဲ့အော်သံတွေ
ခေါက်တွန့်ခေါက်ပြန်လမ်းသလား
လွမ်းဖျားတွေ သွေးတက်လို့
ညနက်ကြီးရေ
ဘာသာစကား အသစ်တွေနဲ့
စိတ်ပျက်အောင်ထပ်မလုပ်ချင်နဲ့လေ
အတိတ်ရက်တွေ ဆွဲဆန့်
စက္ကန့်တံနောက်လှည့်
သုညကနေပြန်စချင်တာလား
ထားပါ ညနက်ကြီးအတိုင်း
ဒီထက်ပိုပိုနက်စရာ
အိပ်မက်မက်ချင်မနေနဲ့တော့
အရှိတရားလေး ဖြစ်တည် တာတွေပဲ လက်ခံလိုက်ပါကွာ……..
အရှိတရားလက်ခံထားလည်း
ညမှောင်ညနက်ရှိသလို
ရောင်နီလာမဲ့အလင်တန်း
မျှော်လင့်ချက်လေးတော့
ထားနိုင်မယ်ထင်ပါရဲ့
လေးနက်မှုမရှိတဲ့ ခံစားချက်
ဆားနဲ့ပက်လည်း ဘာမှမထူးဘူး...
အဲဒီတော့ ..ငါ မရူးတော့ဘူးဟေ့လို့..
အသိဥာဏ်ကို ဦးစားပေး ခပ်ဝေးဝေးပြေးထွက်ခဲ့တာ..
မောရ ကောင်းမှန်းတောင် မသိခဲ့ဘူး။
အသဲကွဲ ကဗျာတစ်ပုဒ်ကို
ဂျစ်ပစီဆန်ဆန် ည..တစ်ညမှာရေးစပ်
ရောင်းတန်းမဝင်ခဲ့တဲ့ ရင်ခုန်သံတစ်ချို့ အရင်းတည်
ပျက်ယွင်းမှုရာသီ ကာရံ မညီအောင်ထည့်ရင်း...
အဲဒီည ....အိပ်ရေးပျက်တာပဲ အဖတ်တင်ခဲ့တယ်။
လင်းဆက်ပိုင် နှင့် လင်းဝေဖူး
Posted via Blogaway
Comments
Post a Comment