ရင်​ခုန်​ဘူးတဲ့ အထပ္ပုတ္တိ ၂

အိပ်မက်သစ် ကို တီထွင်သူ
5 October at 08:09 · Edited ·
More options
ရင်ခုန်ဘူးတဲ့ အထုပ္ပတ္တိ ၂
♡ ♡ ♡ o_O ♡
ချစ်သူတွေပဲမို့လေ
ခင်ခင်မင်မင် ရန်ဖြစ်ကြည့်တာပါ
ဘာလို့များ စိမ်းကားသွားသလဲ....

အရှိတရားကိုလက်ခံရင်
ဖြစ်တည်မှု့လေးတွေမှာ....ပေါ့ကွယ်
ချစ်သူတို့ဘာသာဘာဝ
ရင်းရင်းနှီးနှီး စကားများကြတာပဲလေ

စိတ်နာသွားတယ်ဆိုရင်ဖြင့်
သူ......
တကယ်....
အတွေးဆိုတာ မှန်ချင်မှ မှန်မှာပေါ့

အနာဂတ် မှာ ငါ့ပုံရိပ်တွေကွယ်ပျောက်သွားပြီးလား
ယုန်မလေးရေ နင့်က လျှင်မြန်စွာ မေ့လျော့
ငါ့မှာမေ့နိုင်ဖို့ လိပ်တစ်ကောင်လို နှေကွေးနေဆဲ

ငါ့ရဲ့တန်ဖိုးထားမှု့တွေသာ တည်တန့်ခိုင်မြဲ
အခုတော့ ပိတ်ဆို့မွန်းကြပ်နေတဲ့ .....ဟင်းလင်းပြင်
ငါ့အနာဂတ်ဟောစာတမ်းတွေ မင်း ဟောသွားတာ

အခုအသဲကွဲခြင်းမှရရှိတဲ့ အိုင်ဒီယာတွေနဲ့
ငါကဗျာတွေရေးနေတယ်လေ......
ငါ့ စာရေးခြင်းကို မင်းမြတ်နိုးတယ်ဆို.....

ရေးနေမှာပါ.............လန်ကွတ်တီနေ့စွဲအကြောင်း
ဝတ်လစ်စလစ် အာရုဏ် တွေတိုင်း....
ဒါမယ့်လေ ရင်းနှီးစွာ ရန်ဖြစ်ချင်သေး....

လင်းဆက်ပိုင်


Posted via Blogaway

Comments